ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါသည့် တပ်မတော်ရဟတ်ယာဉ် အရေးပေါ် ဆင်းသက်

ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါသည့် တပ်မတော်ရဟတ်ယာဉ် အရေးပေါ် ဆင်းသက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည် စီးနင်းလိုက်ပါသည့် တပ်မတော် ရဟတ်ယာဉ် ဟိုက်ဒရောလစ်ဆီ ယိုစိမ့်မှုကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရသည်ဟုသိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၆ ရက် ယနေ့ မွန်းလွဲပိုင်း ၂ နာရီ ခန့် တွင် သျှမ်းပြည် မိုင်းတုံမြို့မှ မိုင်းဆတ်မြို့သို့ ရဟတ်ယာဉ် ထွက်ခွာလာစဉ် ၃ မိနစ်အကြာတွင် ဟိုက်ဒရောလစ်ဆီယိုစိမ့်မှုကြောင့် အရေးပေါ် ပြန်လည်ဆင်းသက်ခဲ့ရကြောင်း လုံခြုံရေး တာဝန်ယူသည့် မိုင်းတုံ ဒေသခံ အမျိုးသားတဦးကပြောသည်။

“ရဟတ်ယာဉ် အပေါ်တက်ပြီး ပြန်ဆင်းလာတော့ အစက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကြောင့်လား ဆိုပြီး စိတ်ပူနေတာ။ နောက် ဟိုက်ဒရောလစ်ဆီ ယိုစိမ့်လို့ဆိုပြီး ဆင်းလာတော့ သိလိုက်ရတယ်။ အရမ်းအမြင့် မပျံသေးလို့ တော်သေးတယ်” ဟု ၎င်း လုံခြံုရေး တာဝန်ယူသည့် သူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါသည့် တပ်မတော် ရဟတ်ယာဉ် အမှတ် ၁ သည် ဟိုက်ဒရောလစ်ဆီ ယိုစိမ့်မှုကြောင့် ပြန်ဆင်း လာပြီး၊ တပ်မတော်အမှတ် ၂ ရဟတ်ယာဉ်ကို ပြောင်းစီးကာ မိုင်းဆတ်မြို့သို့ ခရီးဆက်ခဲ့သည်။

ယနေ့ ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် သည် သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့သို့ ခရီးဆက်မည် ဖြစ်ပြီး၊ ဖေဖော်ဝါရီ ရ ရက်နေ့ သျှမ်း အမျိုးသားနေ့တွင် တောင်ကြီးမြို့တွင် လူထုတွေ့ဆုံပွဲပြုလုပ်ပြီး မိန့်ခွန်း ပြောကြားမည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် သံလွင်မြစ်ကူးတို့ဆိပ် တာ့ဆန်းတွင် တံတားအသစ်တစင်းထပ်မံတည်ဆောက်ရန် ဖေဖော်ဝါရီလ ၆ ရက် မနက်ပိုင်းက ပန္နက် ရိုက်ခြင်း အခမ်းအနားပြုလုပ်ခဲ့သည်။ ခရီးစဉ်တွင် သူမ နှင့်အတူ သျှမ်းပြည်နယ်ဝန်ကြီးချုပ်ပါ၀င်သည့် အစိုးရအဖွဲ့ဝင် ၀န်ကြီးတချို့လည်း ပါ၀င်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ယမန်နေ့က ကျိုင်းတုံမြို့သို့ရောက်ရှိကာ ကျိုင်းတုံ ၊မိုင်းယောင်း၊ တာချီလိတ်ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။

May 26, 2026
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်...
May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...