ကျောက်တော်မြို့နယ်တွင် လူ ၂၀ ကျော်အား မတရားအသင်း အက်ဥပဒေဖြင့်ဖမ်းဆီး

ကျောက်တော်မြို့နယ်တွင် လူ ၂၀ ကျော်အား မတရားအသင်း အက်ဥပဒေဖြင့်ဖမ်းဆီး

ကျောက်တော်မြို့နယ်တွင် လူ ၂၅ ဦးအား မတရားအသင်း အက်ဥပဒေဖြင့် ဖမ်းဆီးထားကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က ပြောသည်။

၎င်းတို့အား ဖေဖော်ဝါရီလ ၃ ရက်နေ့ ညဉ့်အချိန်၌ ကျောက်တော်မြို့၊ ရွာမရပ်ကွက်တွင် ဖမ်းဆီးကာ ကျောက်တော်ရဲစခန်းတွင် ထိန်းသိမ်းထားခဲ့ပြီး ယနေ့ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် စစ်တွေသို့ ယူဆောင်သွားကြောင်း သိရသည်။

“ကျွန်တော်တို့သွားကြည့်တော့ ရဲစခန်းမှာ မရှိတော့ဘူး။ (ကျောက်တော်)တရားသူကြီးက ယနေ့နံနက်က ချုပ်ရမန်ယူတယ်လို့ ပြောတယ်။ ပုဒ်မက ၁၇ (၁) နဲ့ ၃၇၅ မှ ဗိုလ်မှူး အောင်နိုင်ဖြိုးက တရားလိုအဖြစ် အမှုဖွင့်တိုင်တန်းခဲ့တယ်လို့ သိရတယ် ” ဟု ဦးမောင်မောင်က ဆိုသည်။

ထိုသို့ မတရားအသင်းအက်ဥပဒေဖြင့် အမှုဖွင့်ခံထားသူများမှာ ပလက်ဝမြို့နယ် ချင်းလက်ဝကျေးရွာမှ ၂၄ ဦးနှင့် ကျောက်တော်မြို့နယ်မှ တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

ချင်းလက်ဝကျေးရွာသားများမှာ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ကျောက်တော်မြို့သို့ စစ်ရှောင်အဖြစ် ရောက်ရှိနေကြခြင်းဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က ပြောသည်။

ယခုကဲ့သို့ ဖမ်းဆီးမှုများနှင့် ပတ်သက်၍ DMG က ကျောက်တော်မြို့မရဲစခန်းသို့ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က ဖမ်းဆီးမှုများရှိသည်မှာ မှန်ကန်ကြောင်းနှင့် မည်သည့်အတွက်ကြောင့် ဖမ်းသည်ကို သူ့အနေဖြင့် အသေအချာမသိကြောင်း ပြောသည်။

ယခု သံသယဖြင့် ဖမ်းဆီးထားရသူများအား ဥပဒေနှင့်အညီ စစ်ဆေးရန်နှင့် အပြစ်မဲ့ပြည်သူများအတွက် နစ်နာဆုံးရှုံးမှု မရှိစေရန် ဥပဒေဘောင်အတွင်းမှ လုပ်စေလိုကြောင်း ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က တိုက်တွန်းပြောဆိုသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...