အိန္ဒိယနိုင်ငံသားဖြစ်ခွင့်ဥပဒေပြင်ဆင်ချက်တွင် ချင်းလူမျိုးများကိုလည်းထည့်သွင်းရန် Chakma အဖွဲ့ တောင်းဆို

အိန္ဒိယနိုင်ငံသားဖြစ်ခွင့်ဥပဒေပြင်ဆင်ချက်တွင် ချင်းလူမျိုးများကိုလည်းထည့်သွင်းရန် Chakma အဖွဲ့ တောင်းဆို

အိန္ဒိယနိုင်ငံသားဖြစ်ခွင့်ဥပဒေပြင်ဆင်ချက် Citizenship (Amendment) Bill, 2016 တွင် ချင်းလူမျိုးများလည်း ပါဝင်ထည့်သွင်းရန် Chakma community လက်အောက်ရှိ အဖွဲ့ (၈) ခု ပူးပေါင်းပြီး အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးထံ ဇန်နဝါရီလ (၃၀) ရက်နေ့က တောင်းဆိုလိုက်သည်။

၂၀၀၉ ခုနှစ် US Human Rights Watch အဖွဲ့မှ ထုတ်ပြန်သော “The Chin People of Burma: Unsafe in Burma, Unprotected in India” အစီရင်ခံစာအရ မီဇိုရမ်ပြည်နယ်အတွင်း ချင်းလူမျိုး တစ်သိန်းခန့် ရှိနေကြကြောင်း မဏိပူပြည်နယ်တွင်လည်း ချင်းလူမျိူးများရှိနေကြကြောင်း၊ အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့အကြား ဖြစ်ပွားသည့်တိုက်ပွဲကြောင့် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် ချင်းလူမျိူးများအပါအဝင် အိန္ဒိယနိုင်ငံအတွင်း ချင်းဒုက္ခသည်ပေါင်း ၁.၂ သိန်းကျော်ခန့်ရှိသည်ဟု Chakma NGO (၈) ခု ပူးပေါင်းအဖွဲ့အစည်းက ပြောဆိုကြောင်း မီဇိုရမ်နေ့စဉ်ထုတ် The Aizawl Post တွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံသားဖြစ်ခွင့် ဥပဒေပြင်ဆင်ချက် The Citizenship (Amendment) Bill 2016 ကို အိန္ဒိယနိုင်ငံတွင် အတည်ပြုပါက Afghanistan, Bangladesh နှင့် Pakistan နိုင်ငံများမှ အိန္ဒိယနိုင်ငံကိုဝင်ရောက်လာသည့် Hindu, Sikh, Buddhist, Jain, Persi ဘာသာဝင်များသည် အိန္ဒိယနိုင်ငံအတွင်း (၆) နှစ်နေထိုင်လာပါက နိုင်ငံသားဖြစ်ခွင့်ပေးသွားမည်ဖြစ်သည်။

ထို့ကြောင့် အိန္ဒိယဗဟိုအစိုးရအနေဖြင့် Citizenship (Amendment) Bill ကို ပြန်လည်ပြင်ဆင်ပြီး Afghanistan, Bangladesh နှင့် Pakistan များထည့်သွင်းသကဲ့သို့ မြန်မာနိုင်ငံကိုလည်း ပါဝင်ထည့်သွင်းရန် တောင်းဆိုကြောင်း နယူးဒေလီအခြေစိုက် All India Chakma Students’ Union ဥက္ကဌ Dilip Kanti Chakma ကပြောသည်။

ယင်းနိုင်ငံသားဖြစ်ခွင့်ဥပဒေပြင်ဆင်ချက်အား အကျိုးခံစားခွင့်အရှိဆုံးစာရင်းတွင် Chakma လူမျိုးများ ပါဝင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ချက်မားလူမျိုးများသည် အိန္ဒိယနိုင်ငံသားရရှိကာ မီဇိုရမ်ပြည်နယ်သို့ အမြောက်အများဝင်ရော က်လာမည်ဖြစ်သည့်အတွက် မီဇိုရမ်ပြည်နယ်ရှိ အဖွဲ့အစည်းအသီးသီးတို့မှ ကန့်ကွက်နေကြခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံသားဖြစ်ခွင့် ဥပဒေပြင်ဆင်ချက် The Citizenship (Amendment) Bill 2016 ကို ကန့်ကွက်သည့်အနေဖြင့် မီဇိုရမ်ပြည်နယ်၏ မြို့တော် အိုင်ဇောလ်မြို့တွင် မီဇိုးကျောင်းသားအဖွဲ့ Mizo Zirlai Pawl (MZP) ဦးဆောင်မှုဖြင့် ဇန်နဝါရီ (၂၃) ရက်နေ့ကလည်း ထောင်နဲ့ချီသော ပြည်သူလူထုများမှ လမ်းမပေါ်ထွက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အဆိုပါ ဥပဒေပြင်ဆင်ချက်၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံခြားအသီးသီးမှဝင်ရောက်လာသော ဘာသာခြား၊ ဘာသာဝင်လူ မျိုးများကို အိန္ဒိယနိုင်ငံသားဖြစ်ခွင့်ရှိလာမည့် ဘာသာရေးကိုအကြောင်းပြပြီး နိုင်ငံသားဖြစ်ခွင့်ရရှိနိုင်သော ဥပဒေတစ်ခုဖြစ် ကြောင်း မီဇိုး ကျောင်းသားများအဖွဲ့က သုံးသပ်သည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...