မင်းတပ်မြို့တွင် ဘာသာရေးဆိုင်ရာပွဲတော်နှင့်အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပမည်ဆိုပါက (၂) ပတ် ကြိုတင်ခွင့်ပြုချက်တောင်းရမည်ဟု အမိန့်ထုတ်ပြန်

မင်းတပ်မြို့တွင် ဘာသာရေးဆိုင်ရာပွဲတော်နှင့်အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပမည်ဆိုပါက (၂) ပတ် ကြိုတင်ခွင့်ပြုချက်တောင်းရမည်ဟု အမိန့်ထုတ်ပြန်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ဘာသာရေးဆိုင်ရာပွဲတော်နှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ (NGO/INGO) တို့မှ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်မည်ဆိုပါက ချင်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ရက်သတ္တပတ် (၂) ပတ် ကြိုတင်ခွင့်ပြုချက် တင်ပြတောင်းခံရမည်ဟု မင်းတပ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီက အမိန့်ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ တင်ပြတောင်းဆိုရာတွင် လျှောက်ထားသူ၏ ကိုယ်တိုင်ကတိဝန်ခံချက်၊ သင်တန်းပို့ချမည့်သူ၏ ကိုယ်ရေးအကျဉ်း၊ သင်တန်းပို့ချမည့်အကြောင်းအရာ၊ သင်တန်းနောက်ခံစာတမ်း၊ တက်ရောက်မည့်လူဦးရေစာရင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချူပ်ရေးမှူးတို့၏ ထောက်ခံချက်၊ ရဲစခန်းထောက်ခံချက်တို့ ပါရှိရမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိမှသာ ကျင်းပပြုလုပ်ခွင့်ပြုမည်ဟု ဇန်နဝါရီလ (၂၄) ရက်နေ့စွဲဖြင့်ထုတ်ပြန်သည့် ယင်းအမိန့်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းအရပ်ဖက်လူမှုအဖွဲ့များကွန်ယက် မင်းတပ်တာဝန်ခံ ဦးရွှေလိန်းနိုင်းက “ဒါက ဘာဖြစ်လဲဆိုတော့ ကျနော်တို့ရဲ့ အခွင့်အရေး၊ လွတ်လပ်ခွင့်ကို ထိန်းချူပ်တဲ့ပုံစံမျိူးလို့မြင်တယ် ဒါတွေက နိုင်ငံသားအခွင့်အရေးထဲမှာဆိုရင် လွတ်လွတ်လပ်လပ်လှုပ်ရှားရဟာပေါ့ အရင် ကြံ့ခိုင်ရေးအစိုးရထက်တော့ ပိုပြီးတော့ တင်းကြပ်လာတယ်လို့ယူဆတယ် ကြံ့ခိုင်ရေးတုန်းက အဲလိုပုံစံမျိူးရှိတယ် အခုထုတ်တဲ့နေရာမှာ ဘာသာရေးရော၊ အရပ်ဖက်ရော၊ အဆောက်အဦး ကိစ္စကအစပါလာတယ်လေ ဒါတွေက မဖြစ်သင့်ဘူး ဒီမိုကရေစီစနစ်အောက်မှာ ဒါတွေက မရှိသင့်ဘူး” ဟု ပြောသည်။

ချင်းပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်များတွင် ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာနှင့် ဟိန္ဒူဘာသာတို့၏ ဘာသာရေးဆိုင်ရာအဆောက်အဦးများ ပြုပြင်ထိန်းသိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ မူလပုံစံမပျက် ဆောက်လုပ်ခြင်း၊ အသစ်ဆောက်လုပ်ခြင်းတို့နှင့်ပတ်သက်၍ နေပြည်တော်ကောင်စီ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တို့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်သွားရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွန်ကြားထားသည်ဟုလည်း မင်းတပ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ အမိန့်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကို ဆက်သွယ်မေးမြန်းရာ ခရီးလွန်နေသည့်အတွက် သူ့အနေဖြင့် မသိရှိကြောင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့အတွင်း ဆွေးနွေးထားခြင်းလည်းမရှိကြောင်း ပြောဆိုသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...