လက်နက်ကြီးကျ၍ပျက်စီးသွားသည့် အုန်းချောင်းကျေးရွာဓမ္မာရုံအား ပြုပြင်ပေးရန်လိုလား

လက်နက်ကြီးကျ၍ပျက်စီးသွားသည့် အုန်းချောင်းကျေးရွာဓမ္မာရုံအား ပြုပြင်ပေးရန်လိုလား
ဓါတ်ပုံ - ရသေ့တောင်မြို့နယ် အုန်းချောင်းကျေးရွာမှ ဓမ္မာရုံတွင် လက်နက်ကြီးကျရောက်မှုကြောင့် ပျက်စီးနေမှု
ဓါတ်ပုံ - ရသေ့တောင်မြို့နယ် အုန်းချောင်းကျေးရွာမှ ဓမ္မာရုံတွင် လက်နက်ကြီးကျရောက်မှုကြောင့် ပျက်စီးနေမှု

ရသေ့တောင်မြို့နယ် အုန်းချောင်းကျေးရွာအနီးတွင် ဇန်နဝါရီလ ၂၈ ရက်နေ့ကဖြစ်ပွားခဲ့သည့် တိုက်ပွဲမှ လက်နက်ကြီးကျရောက်မှုကြောင့် ၎င်းကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ဓမ္မာရုံ ပျက်စီးမှုများရှိခဲ့သည့် အတွက် ပြန်လည်ပြုပြင်ပေးရန် လိုလားနေကြသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် AA တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း လက်နက်ကြီးကျ၍ အုန်းချောင်းကျေးရွာ ဓမ္မာရုံ၌ ခေါင်းမိုးမျက်နှာကြက်မှ သွပ်ပြားအချပ် ၁၅၀ ကျော် ကွာကျသွားခဲ့ပြီး ဓမ္မာရုံအတွင်းထားရှိသည့် ဆောင်းဘောက်နှစ်လုံးမှာလည်း ပျက်စီးသွားခဲ့ကြောင်း အုန်းချောင်းကျေးရွာ ဆရာတော် ဦးပညာသာရက မိန့်သည်။

“ပျက်ဆီးမှုခန့်မှန်းခြေတန်ဖိုး သိန်း ၆၀ ကျော်ခန့်ရှိတယ်။ အဲဒါ တွေကို တာဝန်ရှိသူတွေက ပြုပြင်ပေးစေ ချင်ပါတယ် ” ဦးပညာသာရ က မိန့်သည်။

တိုက်ပွဲအတွင်း ကျေးရွာဓမ္မာရုံပျက်စီးသွားမှုအား ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ထံ တင်ပြထားကြောင်းနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံလည်း တင်ပြသွားရန်ရှိကြောင်း ဆရာတော်ထံမှ သိရသည်။

ယခုကဲ့သို့ တိုက်ပွဲများကြားတွင် အရပ်သားပြည်သူများ၏ အိုးအိမ်ပစ္စည်းများ ပျက်စီးဆုံးရှုံးနေရမှုအား မလိုလားကြောင်းနှင့် တိုက်ပွဲများအား ကျေးရွာနှင့်ဝေးသည့် နေရာများတွင်သာဖြစ်စေလိုကြောင်း အုန်းချောင်းကျေးရွာ ဆရာတော် ဦးပညာသာရက မိန့်သည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...