နမ္မတူမြစ်အတွင်း ၃ လကြာပျောက်ဆုံးနေသော ကိုးရီးယားသူအား ဒုတိယအကြိမ် ရေငုပ်ရှာဖွေ

နမ္မတူမြစ်အတွင်း ၃ လကြာပျောက်ဆုံးနေသော ကိုးရီးယားသူအား ဒုတိယအကြိမ် ရေငုပ်ရှာဖွေ
Photo by Sipaw Youth/ ၃ လ ကြာရေနစ်သေဆုံးခဲ့သော ကိုးရီးယားသူ၏အလောင်းအား ကူညီရေးအဖွဲ့များက ဒုတိယအကြိမ်ရေငုပ်ရှာဖွေ
Photo by Sipaw Youth/ ၃ လ ကြာရေနစ်သေဆုံးခဲ့သော ကိုးရီးယားသူ၏အလောင်းအား ကူညီရေးအဖွဲ့များက ဒုတိယအကြိမ်ရေငုပ်ရှာဖွေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ္မတူမြစ်အတွင်း ရေနှင့်မျောပါသော ကိုးရီးယားနိုင်ငံသူ၏ အလောင်း အား ၄င်း၏မိသားစုဝင်များတောင်းဆိုချက်အရ သီပေါမြို့ရှိနိုင်ငံရေးပါတီနှင့် ရေငုပ်ကျွမ်းကျင်ဒေသခံများ လူမှု ကူညီရေးအသင်းအဖွဲ့များက ထပ်မံရှာဖွေမှုပြုနေကြကြောင်းသိရသည်။

ပြီးခဲ့သည့်နှစ် နို၀င်ဘာလ က နမ္မတူမြစ်အတွင်း ရေနှင့်မျောပါသွားသည့် ကိုးရီးယားနိုင်ငံသူ Ms. Young Hee Heo ၏အလောင်းအား ဇန်နဝါရီလ ၂၇ ရက်နေ့မနက်ပိုင်းက သီပေါမြို့နယ် ရေငုပ်ကျွမ်းကျင်သည့်ဒေသခံများ နှင့်ကျားခေါင်းပါတီမှ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအထက်ပိုင်းမှ လူမှုကူညီရေးအသင်းများက ပူးပေါင်း ရှာဖွေ မှုပြုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“Ms. Young Hee Heo ရဲ့ မိသားစုဝင်တွေက အကူအညီတောင်းလာလို့ ကျနော်တို့ ထပ်ရှာရတာဖြစ်တယ်။ ဒုတိယအကြိမ်ရှာဖွေခြင်းပါ။ ကိုးရီးယားသူ ရေကျခဲ့တဲ့နေရာကို ကျနော်တို့ ဆင်းငုပ်ရှာကြည့်ပါတယ်။ မွန်းတည့်ချိန်ကနေ ညနေ ၄ နာရီခွဲအထိ ဆင်းရှာပါတယ်။ ” – ဟု သီပေါဒေသခံ ရှာဖွေရေးအဖွဲ့က တာဝန် ရှိသူတဦးကသျှမ်းသံတော်ဆင့်အားပြောသည်။

ကိုးရီးယားသူရေနစ်ပြီးနောက်ပိုင်း လဝက်ခန့်ကြာသည်အထိ ကူညီကယ်ဆယ်ရေးအဖွဲ့က ရှာဖွေခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။

အသက် ၄၀ နှစ်ရှိ ကိုးရီးယားသူ Ms. Young Hee Heo သည်သီပေါမြို့သို့ အလည်အပတ်ရောက်ရှိစဉ် အသင်းအဖွဲ့နှင့်အတူ ၂၀၁၈ နို၀င်ဘာလ ၂၃ ရက်နေ့က နမ္မတူမြစ်အတွင်းရေဆင်းကစားရာမှ ရေနှင့်အတူ မျောပါသေဆုံးခဲ့သည်ဟု သိရပါသည်။

May 27, 2026
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှင့် ပင်လောင်းဒေသဘက်များတွင်...
May 26, 2026
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်...
May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...