ပစ်ခတ်မှုရပ်ပေးရေး သီပေါမြို့ခံ ၃၀၀၀ ကျော် လက်မှတ်ရေးထိုးကာ သျှမ်းတပ်ဖွဲ့ခေါင်းဆောင်များထံပေးပို့

ပစ်ခတ်မှုရပ်ပေးရေး သီပေါမြို့ခံ ၃၀၀၀ ကျော် လက်မှတ်ရေးထိုးကာ သျှမ်းတပ်ဖွဲ့ခေါင်းဆောင်များထံပေးပို့

ယမန်နှစ်ကတည်းက စစ်ဘေးရှောင်နေခဲ့ရသော သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကျေးလက်ဒေသခံလူထုမှာ  နေရပ်ပြန်ကာ အေးချမ်းစွာနေထိုင် လုပ်ကိုင်စားသောက်နိုင်ရေးအတွက် တပ် ၂ ဖက်မှခေါင်းဆောင်များအမြန်ဆုံးတွေ့ဆုံကာအပစ်ရပ်ပေးရန် စာရေးလက်မှတ်ရေးထိုးကာ ပေးပို့ခဲ့ကြောင်းသိရသည်။

သီပေါမြို့နယ် ဆီထောက်အုပ်စုမှ ဒေသခံ  ၃၀၅၄ ဦးမှာ ဇန်နဝါရီလ ၂၂ ရက်နေ့က လက်မှတ်ရေးထိုးကာ ကျားခေါင်းပါတီလွှတ်တော်ကိုယ်စားလှယ်ထံ ပေးပို့လိုက်ခြင်းဖြစ်သည်။

“သီပေါမြို့နယ် ကျားခေါင်းပါတီရုံးကိုပေးပို့ထားပါတယ်။  RCSS/SSA နဲ့ SSPP/SSA တပ်တွေရဲ့ ၂ ဖက်ခေါင်းဆောင်တွေကို ဆက်လက်ပို့ဆောင်ပေးဖို့ပါ။ ခေါင်းဆောင်တွေအမြန်ဆုံးတွေ့ဆုံပြီး တိုက်ပွဲတွေရပ်ပေးဖို့တောင်းဆိုထားပါတယ် ”– ဟု ဆီထောက်အုပ်စုမှ ဒေသခံ စိုင်းလူ ကပြောသည်။

လူထု ၃၀၀၀ ကျော်၏ပေးပို့သောစာအား သီပေါမြို့နယ်ကျားခေါင်းပါတီက ဗဟိုရုံးချုပ်အားဆက်လက်ပေးပို့လိုက်ပြီးဖြစ်ကြောင်း သီပေါမြို့ကျားခေါင်းပါတီဝင်တဦးကပြောသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း သီပေါမြို့နယ် နားမခေါ်အုပ်စု ဒေသခံ ၄၆၀၀ ကလည်း အလားတူ ခေါင်းဆောင် ၂ ဦးထံ မေတ္တာရပ်ခံစာရေးသားကာ ပေးပို့ခဲ့ဖူးသည်။

ဆီထောက်အုပ်စုသည် သီပေါမြို့နယ် သီပေါ-နမ့်လန်ကားလမ်းအရှေ့ဘက် ခြမ်းတွင်တည်ရှိပါသည်။

၂၀၁၉ ခုနှစ်ဆန်းပိုင်းမှာပင် ဒေသတွင်းလှုပ်ရှားနေသည့် SSPP/SSA နှင့် RCSS/SSA တို့မပြတ်ပစ်ခတ်မှုကြောင့် ဒေသခံရွာသားများမှာ၅ ကြိမ်ထက်မနည်း စစ်ဘေးရှောင်နေရသဖြင့် လယ်ယာလုပ်ငန်းခွင်ထွက်သီးနှံများ မဆွတ်ခူးနိုင်သေးဘဲ ရှိနေပါသည်။

May 27, 2026
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှင့် ပင်လောင်းဒေသဘက်များတွင်...
May 26, 2026
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်...
May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...