ပန်းမြောင်းဒေသခံကို စာပို့ သတ်ခဲ့ခြင်းမရှိဟု AA ဆို

ပန်းမြောင်းဒေသခံကို စာပို့ သတ်ခဲ့ခြင်းမရှိဟု AA ဆို

သေနတ်ဖြင့် ပစ်သတ်ခံရသူ ဦးမောင်အေးသိန်းထံ အေအေက ပေးပို့ခဲ့သည်ဟူသော သတိပေးစာအတု ကို တွေ့ရစဉ်(ဓာတ်ပုံ-central news myanmar)

မင်းပြားမြို့နယ်၊ပန်းမြောင်းကျေးရွာက ဒေသခံတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် လူမှုကွန်ရက် စာမျက်နှာ များပေါ်တွင် ၎င်းကို ရက္ခိုင့်တပ်မတော်(AA)က ခြိမ်းခြောက်စာပေးပို့ပြီး သေနတ်ဖြင့် ပစ်သတ် ခဲ့ခြင်းဟု စွပ်စွဲရေးသားချက်များရှိလာသည်။

ထိုသို့ စွပ်စွဲချက်များမှာ မဟုတ်မှန်ကြောင်းနှင့် သေနတ်ဖြင့် ပစ်သတ်ခံရသူ အမည်ဖြင့် လူမှုကွန်ရက်စာမျက်နှာ ပေါ်တွင် ပျံ့နှံ့နေသော သတိပေးစာမှာလည်း ရက္ခိုင့်တပ်မတော်(AA)က ပေးပို့သော စာမဟုတ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက DMG ကိုပြောသည်။

“ ကျွန်တော်တို့ ဘက်က စာပို့ထားခြင်းမရှိပါ။ ဒီဟာက လုပ်ကြံတာပါ ” ဟု ခိုင်သုခက ပြောသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့တွင်  ပန်းမြောင်းကျေးရွာမှ ဦးမောင်အေးသိန်းကို အမည်မသိ လူတစ်ဦးက  အိမ်ထဲဝင်ရောက်ပြီး သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့မှုကြောင့် ပွဲချင်းပြီး သေဆုံးသွားသည်။

ရက္ခိုင့်တပ်မတော်(AA)သည် မြောက်ဦးမြို့နယ် တိမ်ညိုစခန်းမှူး ရဲအုပ်ကျော်ကျော်လှ၊ ဘူးသီးတောင် မြို့နယ် နွားရုံတောင်ကျေးရွာ နယ်မြေရဲစခန်းက စခန်းမှူး ဒုရဲအုပ် သျှစ်ရှားအောင်နှင့် ဒေသခံနှစ်ဦးတို့ကို သတိပေးစာ ပေးပို့ခဲ့ဖူးသည်။

အဆိုပါ သတိပေးစာတွင် ရခိုင်ပြည်နယ် အတွင်း အမျိုးသားရေးလုပ်ငန်းတာဝန်များနှင့် AA/ULA က ချမှတ်ထားသည့် လမ်းစဉ်များကို အကောင် အထည် ဖော်ရွက်နေကြသူများအား တစ်စုံတစ်ရာ အနှောင့်အယှက်မပေးရန်နှင့် အနှောင့်အယှက် ပေးမည်ဆိုလျှင် လက်တုန့်ပြန်သွားမည်ဟု ပါရှိသည်။ သို့သော် သတိပေးခံရသူများမှာ တစ်စုံတစ်ရာ ထိခိုက်မှုများမရှိခဲ့သည်ကို တွေ့ရသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...