ဟားခါးမြို့ပြစီမံကိန်း ပွင့်လင်းမြင်သာမှုမရှိဟုဆိုကာ ဒေသခံတောင်သူများ ဆန္ဒဖော်ထုတ်မည်

ဟားခါးမြို့ပြစီမံကိန်း ပွင့်လင်းမြင်သာမှုမရှိဟုဆိုကာ ဒေသခံတောင်သူများ ဆန္ဒဖော်ထုတ်မည်

ချင်းပြည်နယ်အစိုးရမှ ဟားခါးမြို့ပြစီမံကိန်းအတွက် မြို့ဧရိယာ မြေကွက် (၂၈၀၀၀) ဧက နှင့် မြို့ပြဧရိယာ မြေကွက် (၇၀၀) တိုးချဲ့နေမှုကို ကန့်ကွက်သည့်အနေဖြင့် ချင်းတောင်သူလယ်သမားများက ဇန်နဝါရီလ (၂၅) ရက်နေ့တွင် စီတန်း လှည့်လည်ဆန္ဒဖော်ထုတ်ကြမည်ဟု သိရသည်။

မြို့ပြစီမံကိန်းအကောင်အထည်ဖော်ဆောင်ရေးအတွက် ချင်းပြည်နယ်အစိုးရ၏ လုပ်ဆောင်မှုသည် ပွင့်လင်းမြင်သာမှုမရှိ သည့်အပြင် ဘိုးဘွားပိုင်မြေပိုင်ရှင်များနှင့် ဆွေးနွေးညှိနှိုင်းမှုမရှိသည့်အတွက် ယခုကဲ့သို့ဆန္ဒဖော်ထုတ်ရန် စီစဉ်ရခြင်းဖြစ် သည်ဟု ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်ပါဝင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ဇာတလဲမ်းကပြောသည်။

“လုံးဝပွင့်လင်းမြင်သာမှုမရှိဘူး ဘိုးဘွားပိုင်မြေမရှိဘူး မြေလွတ်မြေရိုင်းဆိုပြီးမှ ကျမတို့တောင်သူ မြေပိုင်ရှင်ကို တစ်ခုမှ အသိအမှတ်မပြုဘူး ပြီးတော့ မြို့ပြစီမံကိန်းရေးဆွဲတဲ့အခါမှာ အဲဒီနေရာမှာရှိတဲ့ တောင်သူတွေ တခါမှမဆွေးနွေးဘူး မညှိနှိုင်းဘူး အခုလမ်းတွေဖောက်ပြီး မီးတွေလုပ်ပြီ အကုန်လုံးပေါ့နော် အဲဒါကြောင့် ကျမတို့ဆန္ဒပြမှာ’’ ဟု ဒေါ်ဇာတလဲမ်း ကပြောသည်။

ဟားခါးမြို့သည် မြို့တော်အင်္ဂါရပ်ညီညွတ်ရန်နှင့် အိမ်မြေကွက်မရှိသူများအတွက် ရည်ရွယ်ပြီး မြို့ပြစီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရန် ချင်းပြည်နယ်အစိုးရမှ စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ဆန္ဒဖော်ထုတ်ရန်အတွက် ခွင့်ပြုမိန့်ကို ဇန်နဝါရီလ ၂၁ ရက်နေ့က ဟားခါးမြို့နယ်ရဲတပ်ဖွဲ့မှူးထံသို့ တင်ပြထားပြီး ယနေ့ထိ ခွင့်ပြုမိန့်မရသေးကြောင်း၊ ခွင့်ပြုမိန့်မရလျင်လည်း မနက်ဖြန်တွင် ဆန္ဒဖော်ထုတ်ကြမည်ဟု သူမကပြောသည်။

“ခွင့်ပြုမိန့်ကအခုထိတော့မရသေး ဒါပေမယ့် ဆန္ဒပြမှာဘဲ ကျမတို့က အကုန်လုံးပြင်ဆင်ထားပြီးသားဆိုတော့လေ ဒီမိုကရေစီစနစ်မှာ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်က ခွင့်ပြုပြီးသားဘဲ ဥပဒေဘောင်အတွင်းကနေဘဲ လုပ်မှာပါ၊ ဥပဒေကို ကျော်ပြီးမှလုပ်မှာမဟုတ်ဘူး’’ ဟု ဒေါ်ဇာတလဲမ်းကပြောသည်။

မနက်ဖြန်ဆန္ဒဖော်ထုတ်မှုကို ဟားခါးမြို့ မြို့သစ်ရပ်ကွက် ထန်တလန်လမ်းဆုံမှ နံနက်ပိုင်း (၁၀) နာရီကနေ စတင်ချီတက် ကြမည်ဖြစ်ပြီး လူဦးရေ (၅၀၀) ခန့်ပါဝင်ကြမည်ဟု သိရသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...