လွိုင်ကော်မြို့ ဓမ္မကျောင်းစာမေးပွဲ သျှမ်းလူငယ် ၀င်ရောက်ဖြေဆိုသူများပြား

လွိုင်ကော်မြို့ ဓမ္မကျောင်းစာမေးပွဲ သျှမ်းလူငယ် ၀င်ရောက်ဖြေဆိုသူများပြား
Photo credit to Mork Korn Num/ လွိုင်ကော်မြို့ ဓမ္မကျောင်းစာမေးပွဲ သျှမ်းလူငယ် ၀င်ရောက်ဖြေဆိုသူများပြား
Photo credit to Mork Korn Num/ လွိုင်ကော်မြို့ ဓမ္မကျောင်းစာမေးပွဲ သျှမ်းလူငယ် ၀င်ရောက်ဖြေဆိုသူများပြား

ကယားပြည်နယ်လွိုင်ကော်မြို့တွင် ဒေသခံ သျှမ်းလူမျိုးများ၏ စတုတ္ထအကြိမ်မြောက် Sunday Dahmma School သင်တန်းကျောင်း စာမေးပွဲ ကျင်းပရာ ၀င်ရောက်ဖြေဆိုသူ ဒေသခံသျှမ်းလူငယ်များ ယခင်နှစ်များ ထက် ဖြေဆိုသူဦးရေ များပြားကြောင်းသိရသည်။

၂၀၁၈- ၂၀၁၉ ဓမ္မသင်တန်းကျောင်းတွင် သင်တန်းဆရာစုစုပေါင်း ၁၀ ဦး၊ သင်တန်းသား ၂၀၈ ဦးရှိပြီး ၀င်ရောက်ဖြေဆိုသူ ၁၀၈ ရှိကြောင်း၊ ယခင်နှစ်များထက် ဖြေဆိုသူဦးရေများပြားကြောင်းသင်တန်းဆရာတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

“ဒီနှစ် စာမေးပွဲမှာ ထူးခြားချက်က ရေးဖြေရော နှုတ်ဖြေရော ဖြေရတယ်။ သင်တန်းသားက ၂၀၈ ရှိတယ်ဆိုပေမယ့် ၁၀၈ ဘဲလာဖြေရတယ်ဆိုတာက ကျန်တဲ့သင်တန်းသားတွေက အသက်အရမ်းငယ်နေသေးလို့ လာမဖြေတာတွေရှိပါတယ်။အရင်နှစ်တွေက လာဖြေတဲ့သူတွေထက်တော့ပိုများတယ်။ နောက်ပြီးတော့ သူ့ရွာ ကိုယ့်ရွာဆိုပြီးခွဲခြားတာ မရှိဘူး။ စည်းလုံးညီညွတ်စွာနဲ့ ပူးပေါင်းဆောင်ရွက်ကြတယ်။ စာမေးပွဲက ကျနော်တို့ ၃ နေရာ စစ်ပေးပါတယ်။ ” – ဟု သင်တန်းဆရာက ပြောသည်။

စာမေးပွဲကို သီရိမင်္ဂလာကျောင်းတိုက်၊ အောင်မင်္ဂလာကျောင်းတိုက်နှင့် ဓမ္မသုခ ကျောင်းတိုက်တို့တွင် ကျင်းပခဲ့ကြောင်းသိရသည်။

Sunday Dahmma School သင်တန်းကျောင်းကို ၂၀၁၈ ဂျူလိုင်လ ၂၂ ရက်မှ ၂၀၁၉ ဇန်နဝါရီလ ၂၀ ရက်နေ့အထိ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း စုစုပေါင်း ၂၁ ရက်ကြာသင်ကြားပေးကြောင်း စာမေးပွဲကိုမူ ပြာသိုလပြည့်နေ့တွင် ကျင်းပပေးကြောင်းသိရသည်။

May 27, 2026
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှင့် ပင်လောင်းဒေသဘက်များတွင်...
May 26, 2026
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်...
May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...