မြေလွှတ်မြေရိုင်းနှင့်ပတ်သက်ပြီး SNLD လွှတ်တော်ကိုယ်စားလှယ်များ လူထုနှင့်တွေ့ဆုံဆွေးနွေးဖလှယ်

မြေလွှတ်မြေရိုင်းနှင့်ပတ်သက်ပြီး SNLD လွှတ်တော်ကိုယ်စားလှယ်များ လူထုနှင့်တွေ့ဆုံဆွေးနွေးဖလှယ်
Photo Credit to Sai Lern /လားရှိုး ခရိုင် SNLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်း နှင့်အဖွဲ့ ဒေသခံလူထုနှင့်တွေ့ဆုံ
Photo Credit to Sai Lern /လားရှိုး ခရိုင် SNLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်း နှင့်အဖွဲ့ ဒေသခံလူထုနှင့်တွေ့ဆုံ

ဗဟိုရုံးချုပ်မှအကြံပေးလမ်းညွှန်မှုဖြင့် ကျားခေါင်းပါတီ  SNLD လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ် တိုင်းမှ ပါတီအလုပ်အမှုဆောင်များက မိမိဒေသအတွင်း ဒေသခံလူထုနှင့်တွေ့ဆုံကာ မြေလွှတ်၊မြေလပ်နှင့် မြေရိုင်းများနှင့်ပတ်သက်သည်များ ဆွေးနွေးရှင်းလင်းဖလှယ်မှုပြုခဲ့ကြကြောင်းသိရသည်။

လားရှိုးမြို့နယ် SNLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက – “တကယ်လို့ မြေလွှတ် မြေရိုင်းတွေကို တရားဝင် လျှောက်လွှာတင် တောင်းမယ်ဆိုရင်လူထုအနေနဲ့ ဘာအခွင့်အရေးတွေရမလဲ။ တကယ်လို့ မတင်ဘူးဆိုပြန်တော့လည်း ပေးထားတဲ့အချိန် ၆ လ နောက်ပိုင်းကျရင် မြေပိုင်ရှင်ဟာ ဖမ်းဆီးခံရမယ် ။ ငွေဒဏ် ထောင်ဒဏ်ချခံရမယ်။ ဆိုတော့ဒီဥပဒေဟာ မြေပိုင်ရှင်တွေအတွက်ဘာအကျိုးမှမရှိခဲ့ဘူး။ ဒါကြောင့် ကျနော်တို့ဘယ်လို၀ုိင်းဝန်းဖြေရှင်းကြမလဲဆိုပြီး လူထုနဲ့ကွင်းဆင်းတွေ့ဆုံတယ်။ တကယ်လို့ကြုံတွေ့လာခဲ့ရင် ကနဦးဘယ်လိုဖြေရှင်းရမလဲဆိုတာ တောင်သူလယ်သမားတွေသိသင့်တယ်။ ဒီမြေယာ ပြသနာတင်မက အခုဆိုရင် မြောက်ပိုင်းမှာ ရထားလမ်းပြသနာတခု ထပ်တိုးလာနေတယ်။ ဒါတွေကိုရှင်းလင်းပြောပြတာဖြစ်တယ်” – ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။





Photo Credit to Sai Sarm / မိုင်းကိုင်မြို့နယ် SNLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဆိုင်မိန်း နှင့်အဖွဲ့ မိုင်းကိုင်ဒေသခံလူထုနှင့်တွေ့ဆုံသည့်ပုံ

သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့တွင်လည်း အလားတူ ကျားခေါင်းပါတီ SNLD ၏ လွှတ်တော်ကိုယ်စားလှယ်များက ကျေးလက်တွင်း လယ်ယာမြေပိုင်ရှင်များနှင့် တွေ့ဆုံခဲ့ကြောင်း ၊ မြေစာရင်‌းဌာနမှ လယ်‌ယာ‌မြေလုပ်‌ပိုင်‌ခွင်‌့ လက်‌မှတ်‌ ပုံစံရလာ‌ရောက်‌လုပ်‌‌ပေးဖို့ ‌တောင်‌းဆိုခဲ့ကြောင်း၊ မြေစာရင်းဌာနကလည်း မြေပြင်‌ကွင်‌းဆင်‌း တိုင်‌းတာပြီး‌ဆောင်‌ရွက်‌‌ပေးမည်ဟု ဖြေကြားခဲ့ကြောင်း သိရသည်။



Photo Credit to Loi Cherry /လင်းခေးမြို့နယ် SNLD လွှတ်တော်ကိုယ်စားလှယ်များ နှင့်အဖွဲ့ လင်းခေးဒေသခံလူထုနှင့်တွေ့ဆုံ

“ဝမ်‌တိန်‌း‌ကျေးရွာအုပ်‌စု၊ ၀မ့်ဟတ်ကျေးရွာအုပ်စုဘက် သွားပါတယ်။ မြေလွှတ် မြေရိုင်းတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေအပြင် လူထုတောင်းဆိုခဲ့တဲ့ လမ်းတံတားခင်းရေးကိစ္စ၊ စိုက်ပျိုးရေးမှာရေရရှိရေးကိစ္စ တွေဆောင်ရွက်ပေးခဲ့ကြောင်းတွေရှင်းပြပါတယ်။ ၀မ့်ဟတ်မှာဆိုရင် အထကကျောင်း ၂ ထပ်ကျောင်းဆောင်လိုချင်တယ်၊ ကျောက်ချောလမ်းတွေလိုချင်တယ် စတာတွေတောင်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ ဆက်လက်တင်ပြပေးဖို့အတွက်ကျနော်တို့မှတ်တမ်းရယူခဲ့ပါတယ် ။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ ကျားခေါင်းပါတီရဲ့မြို့နယ်အလုပ်အမှုဆောင်အဖွဲ့တွေ ၊ ရေအရင်းအမြစ်‌ဌာန ၊ ‌လယ်‌ယာ‌မြေစီမံခန့်ခွဲ‌ရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ‌ကျေးလက်‌‌ဒေသဖွံ့ဖြိုး‌ရေးဦစီးဌာန ၁၇ ရက်နေ့က ကွင်းဆင်းခဲ့ပါတယ်။ “– ဟုလင်းခေးမြို့နယ်  ပြည်နယ် ၁ လွှတ်တော်ကိုယ်စားလှယ် စိုင်းအောင်မျိုးကျော် ကပြောသည်။

မြေလွှတ် မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ပြင်ဆင်ထားသည့် ဥပဒေသစ်ကို ၂၀၁၈ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပြည်ထောင်စုအစိုးရက အတည်ပြုခဲ့ပြီး ၂၀၁၈ အောက်တိုဘာလ ၃၀ ရက်နေ့တွင် အစိုးရက တရားဝင်ကြေငြာခဲ့သည်။ ၆ လအတွင်း မြေလွှတ် မြေလပ်နှင့်မြေရိုင်းများအား မလျှောက်ထားပါက မြေယာပိုင်ရှင်သည် ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ငွေကျပ် ၅ သိန်း သို့မဟုတ် ဒဏ် ၂ ရပ်လုံး ကျခံရမည်ဟုလည်း ပါရှိပါသည်။





Photo Credit to Sai San Main /ကျေးသီးမြို့နယ် SNLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းစံမိန်း နှင့်အဖွဲ့ ကျေးသီးဒေသခံများနှင့်တွေ့ဆုံ

“ကျနော်တို့အခုလို မြေလွှတ်မြေရိုင်းနဲ့ပတ်သက်ပြီး လူထုနဲ့ကွင်းဆင်းတွေ့ဆုံတာက ဒီအပေါ်လူထုဘယ်လိုမြင်သလဲ။ ဘယ်လောက်က ဆန့်ကျင်ကန့်ကွက်သလဲ စတာကို မှတ်တမ်းကောက်ယူပါတယ်။ ပြီးတော့ ဗဟိုကိုတင်ပြမယ်။ ဒီဥပဒေကို ပြန်လည်စီစစ်ပြီးပြင်ဆင်ပေးဖို့အတွက် နည်းလမ်းရှာပြီး အစိုးရကို ပြန်တင်ပြပေးဖို့ဖြစ်ပါတယ် “– ဟု လည်း စိုင်းဝမ်းလျန်းခမ်းက သျှမ်းသံတော်ဆင့်အားပြောသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...