NLD ပါတီမှ ထုတ်ပယ်ခံရသည့် တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌကို ဆက်လက် အရေးယူနိုင်ရေး ဆောင်ရွက်

NLD ပါတီမှ ထုတ်ပယ်ခံရသည့် တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌကို ဆက်လက် အရေးယူနိုင်ရေး ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး လွတ်တော် ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်အား စစ်ဆေးတွေ့ရှိချက်များကို ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်သို့ NLD ပါတီမှ တရားဝင် အကြောင်းကြားထားပြီး ဖြစ်သည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က မဇ္စျိမသို့ အတည်ပြုဖြေကြားသည်။

“ကျွန်တော်တို့နဲ့ဆိုင်တယ်အဖွဲ့အစည်းလေ လွှတ်တော်၊ အစိုးရ၊ ဒါက အစိုးရမှာတော့ ပတ်သက်မှုမရှိဘူးလေ၊ လွှတ်တော်ကို ကျွန်တော်တို ့အကြောင်းကြားထားပြီးပြီးပါပြီ၊ပြည်ထောင်စု လွှတ်တော်ကိုကော ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုကော သူတို့လုပ်ထုံးလုပ်နည်းတွေရှိပါတယ်၊ အဲဒါဆောင်ရွက်ပြီးတော့ သူတို့မှာ ပေါ်ပေါက်တယ်ဆိုမှ သူတို့ ဆက်ပြီးတော့ ပို ့စရာရှိတာ အဂတိကော သူတို ့လိုအပ်ရင်လုပ်မှာပါ၊ အဲဒါက လုပ်ငန်းအဆင့်ဆင့်အတိုင်းသွားရမှာပါ” ဟု ၎င်းက ဆိုသည်။

ဦးစံမင်းအောင်သည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၁၅၈၀ ဖြင့် လွှတ်တော်ကား ဝယ်ယူမှုတွင် ပြည်သူတစ်ဦး၏ တိုင်ကြားမှုကို ခံရပြီး ပါတီမှ စစ်ဆေးမှုများပြုလုပ်ပြီးနောက် ထုတ်ပယ်ခံခဲ့ရသည်။

သို့သော် လွှတ်တော်ဒုဥက္ကဌ ရာထူးမှ နုတ်ထွက်စာ တင်ထားခြင်း မရှိသေးပါ။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်မှ ဆက်လက်လုပ်ဆောင်နိုင်ရန် ထိုသို့ အကြောင်းကြားလိုက်ခြင်းလည်း ဖြစ်သည်။

“ အကြောင်းကြားစာရပါပြီး၊ ဒီကိုလည်းပို့ပါတယ်၊ ပြည်ထောင်စုလွှတ်တော်ကိုလည်း ပို့ပါတယ်၊ ဘယ်လိုဆောင်ရွက်မယ် ဆိုတာ ကျွန်တော်တို့တိုင်ပင်နေကြပါတယ်၊ စုပေါင်းတိုင်ပင်နေပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က မဇ္စျိမသို့ ပြောသည်။

ပါတီမှ ထုတ်ပယ်ခံရသော လွှတ်တော် ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်ကို ယခုကိစ္စရပ်နှင့် ပတ်သက်၍ ဖြေကြားပေးဖို့ မဇ္စျိမမှ တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခေါ်ဆိုခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပါ။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...