ချင်းပြည်နယ်တွင် အမျိူးသားဥယျာဉ်နေရာ (၅) ခုကို အကောင်အထည်ဖော်မည်

ချင်းပြည်နယ်တွင် အမျိူးသားဥယျာဉ်နေရာ (၅) ခုကို အကောင်အထည်ဖော်မည်

ချင်းပြည်နယ်၏ သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးရည်ရွယ်ချက်ဖြင့် အမျိူးသားဥယျာဉ် (၅) ခုကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ချင်းပြည်နယ်အစိုးရက စီစဉ်ထားသည်ဟု ချင်းပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“ကျွန်တော်တို့ချင်းတွေက တောင်ယာခုတ်တဲ့ဓလေ့ရှိတယ်၊ နောက်ပြီးတော့ သစ်တောတွေ သစ်ပင်တွေကို ခုတ်တယ်၊ လှဲတယ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်၊ ကျွန်တော်တို့လူမျိုးက ထင်းခုတ်မယ်၊ တောင်ယာခုတ်မယ်၊ မီးရှို့မယ်၊ အဲဒီဓလေ့ကို မဖျောက်မချင်း ကျွန်တော်တို့က တိုးတက်မှာလည်းမဟုတ်ဘူး၊ ဒီသစ်တော သစ်ပင်တွေကို ထိန်းသိမ်းတဲ့အတွက် ခရီးသွားလုပ်ငန်းပဲဖြစ်ဖြစ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတာဖြစ်ဖြစ် နောက်ပြီးတော့ စိမ်းလန်းစိုပြည်တဲ့ နယ်မြေဖြစ်တဲ့အချိန်ကျတော့ ကိုယ့်ဒေသမှာ စိမ်းစိမ်းစိုစိုနေရမယ်၊ မဟုတ်ရင် ခြောက်သွေ့တဲ့ ကန္တာရလိုပြန်ဖြစ်သွားနိုင်တယ်လေ၊ အခုတောင်မှ တော်တော်ပြုစုထိန်းသိမ်းနေရတယ်” ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

အမျိူးသားဥယျာဉ်ကို ဇိန်မှုတောင်၊ ကျီရီယာန်းတောင်၊ ဘွယ်ပါတောင်၊ မီဧပီတောင်နှင့် ကနေဒီတောင် စသည့်နေရာ (၅) နေရာတွင် ၂၀၁၉ – ၂၀၂၀ ခုနှစ်အတွင်း အကောင်ထည်ဖော်ဆောင်ရွက်မည်ဟု သိရသည်။

ယင်းကဲ့သို့ အကောင်အထည်ဖော်ဆောင်ခြင်းအားဖြင့် သဘာဝပတ်ဝန်ကျင်းလည်း ထိန်းသိမ်းထားနိုင်သလို ခရီးသွားလုပ်ငန်းတွင်လည်း ပိုမိုအောင်မြင်လာနိုင်ကြောင်း ဝန်ကြီးဦးစိုးထက်ကပြောသည်။

ထို့အပြင် ကျေးလက်နေ ချင်းပြည်သူများ ထင်းမီးအသုံးပြုမှုကို လျှော့ချလာစေရေးအတွက် လျှပ်စစ်မီးများကိုလည်း မြို့နယ်တိုင်းတွင် မဟာဓာတ်အားလိုင်းမှတဆင့်ပေးနိုင်ရန် စီစဉ်ထားပြီး မဟာဓာတ်အားလိုင်းမရောက်နိုင်သည့် နေရာဒေသများကိုလည်း ရေအားလျှပ်စစ်များ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးဦးစိုးထက်ကပြောသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...