မန္တလေးတိုင်း တိုင်းရင်းသားရေးရာဝန်ကြီးအား ပြန်လည်စီစစ်ပေးရန် SNLD တောင်းဆို

မန္တလေးတိုင်း တိုင်းရင်းသားရေးရာဝန်ကြီးအား ပြန်လည်စီစစ်ပေးရန် SNLD တောင်းဆို

မန္တလေးတိုင်း တိုင်းရင်းသားရေးရာဝန်ကြီးအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ပြန်လည်စီစစ်ပေးပါရန် SNLD ပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုက်တွန်းတောင်းဆိုလိုက်သည်။

မန္တလေးတိုင်း တိုင်းရင်းသားရေးရာဝန်ကြီး အတွက်ပါ၀င်ယှဉ်ပြိုင်သည့် ကျားခေါင်းပါတီက နန်းထွေးမှုံက – “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကိုကျမတို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က စာတင်တယ်။ မန္တလေးတိုင်း သျှမ်းတိုင်းရင်းသားရေးရာဝန်ကြီးရွေးကောက်ပွဲတုန်းက သျှမ်းမဟုတ်တာတွေလာပြီး မဲပေးတာ တွေရှိတယ်။ စည်းရုံးရေးဆင်းတဲ့နေ့မဟုတ်လည်းဘဲ ဒီအနိုင်ရသွားတဲ့ပါတီက စည်းရုံးရေးဆင်းတယ်။ မဲရုံ အနီးတဝိုက်မှာ ယှဉ်ပြိုင်တဲ့ ပါတီတွေရဲ့ လိုဂိုလုံးဝ မရှိစေရဆိုတဲ့ စည်းကမ်းချက်ထုတ်ထားပေမယ့် NLD ပါတီရဲ့ လိုဂိုနဲ့ တံဆိပ် ပါတဲ့အကျီတွေဝတ်ပြီးတော့ မဲရုံလာစောင့်တာတွေရှိတယ်။ အဓိက ကော်မရှင်ထံကို စည်းရုံးရေး အတွက် အသုံးစရိတ်တင်ပြရာမှာ အမှားမှားအယွင်းယွင်းတွေရှိတယ် အဲတာတွေကိုပြန်လည်စီစစ်ပေးဖို့ ကျမတို့ စာတင်ရတာဖြစ်တယ် ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

၄င်းနှင့်ပတ်သက်ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒုတိယအကြိမ် စီစစ်ခဲ့ပြီး လာမည့် ဇန်နဝါရီ ၂၂ ရက်နေ့တွင်လည်း တတိယအကြိမ်အဖြစ် ထပ်မံစီစစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုယ်စားလှယ်လောင်းတဦး မဲဆွယ်စည်းရုံးရေးဆင်းရာတွင် အသုံးစရိတ် ကျပ်သိန်း ၁၀၀ ထက်ပိုမသုံးရဟု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားမှုတွင်ပါရှိသည်။

“မဲဆွယ်စည်းရုံးရေးလုပ်ငန်းတုန်းက သုံးထားတဲ့ ငွေကြေးအသုံးစရိတ်လည်း တကယ်သုံးတဲ့ဟာနဲ့ စာရင်း တင်တော့ တလွဲတမှား။ ပြီးတော့ တံဆိပ်ခေါင်းလည်း မကပ်ဘူး။ အဲတာတွေကိုပြန်ပြီး စီစစ်ပေးဖို့ လိုပါတယ် ” – ဟု နန်းထွေးမှုံ ကပြောသည်။

လက်ရှိတွင် မန္တလေးတိုင်း သျှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအား NLD ပါတီက စိုင်းပန်းဆိုင် ကအနိုင်ရ ရှိထားသည်။ ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၈ နို၀င်ဘာလ ၃ ရက်နေ့က ကျင်းပခဲ့သည်။ အဆိုပါနေရာ အတွက် SNLD ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ နန်းထွေးမှုံ ၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ SNDP ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ပြည်ထောင်စုကြ့ံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ၊ တသီးပုဂ္ဂလ ဦးအောင်ဌေး တို့ ၀င်ရောက်ယှဉ်ပြိုင်သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...