လွှတ်တော်အတွက်ကားများဝယ်ရာတွင် အတိုင်ခံရ၍ ပါတီမှ ထုတ်ပယ်လိုက်သည့် ဧရာဝတီတိုင်း လွှတ်တော် ဒုဥက္ကဋ္ဌကို ဆက်လက် အရေးယူရန် ဆောင်ရွက်နေ

လွှတ်တော်အတွက်ကားများဝယ်ရာတွင် အတိုင်ခံရ၍ ပါတီမှ ထုတ်ပယ်လိုက်သည့် ဧရာဝတီတိုင်း လွှတ်တော် ဒုဥက္ကဋ္ဌကို ဆက်လက် အရေးယူရန် ဆောင်ရွက်နေ

ငွေကျပ် သိန်း ၁၅၈၀ ဖြင့် တိုင်းလွှတ်တော်အတွက် ကား ၅ စီးဝယ်ယူရာတွင် ကိုယ်ကျိုးစီးပွား ပါဝင်သည် ဟူသော တိုင်ကြားချက်ကြောင့် NLD ပါတီမှ ထုတ်ပယ်လိုက်သည့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်အား လိုအပ်သည့် အရေးယူမှုများ ဆက်လက် ပြုလုပ်ရန် ဆောင်ရွက်နေကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

“ကျွန်တော်တို့ ဆုံးဖြတ်ထားတာတွေကို လွှတ်တော်တွေသက်ဆိုင်ရာအဖွဲ့တွေအကုန်လုံးကို အကြောင်း ကြားစာ ပို့သွားပါမယ်။ သူတို့ကလည်း သူတို့လုပ်ထုံးလုပ်နည်းနဲ့ အညီသီးခြားစုံစမ်းစစ်ဆေးရေးတွေ လုပ်ပြီး ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

ဧရာဝတီတိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်အား ပါတီမှ စစ်ဆေးတွေ့ရှိချက်များနှင့် ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံသို့လည်း စာပေးပို့အကြောင်းကြားရန် စီစဉ်ထားသည်ဟုလည်း ၄င်းကဆိုသည်။

ဦးစံမင်းအောင်အား ဧရာဝတီတိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ နေရာမှ ဖယ်ရှားရန် အစီအစဉ်ရှိမရှိကို မဇ္စျိမက မေးမြန်းခဲ့ရာတွင် လွှတ်တော်၏ ဆုံးဖြတ်ချက်အတိုင်းသာ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဒေါက်တာ မျိုးညွန့်က ပြန်လည်ဖြေဆိုခဲ့သည်။

အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး ပါတီမှ ထုတ်ပယ်ခံခဲ့ရသည့် ဦးစံမင်းအောင် အား မေးမြန်းရန်  မဇ္စျိမက ဖုန်းဖြင့် ဆက်သွယ်သော်လည်း လက်ခံဖြေဆိုခြင်းမရှိပေ။

 ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုုံငွေမှ တိုင်းဒေသကြီးလွှတ်တော်အတွက် ငွေကျပ် သိန်း ၁၅၈၀ ဖြင့် ကား ၅ စီးဝယ်ယူရာတွင် ကုုိယ်ကျိုးစီးပွား ပါဝင်သည်ဆိုသည့် တိုင်ကြားချက်ကြောင့် အမျိုးသားဒီမုုိကရေစီအဖွဲ့ချုပ် ပါတီမှ ဦးစံမင်းအောင်ကို စစ်ဆေးပြီး ပါတီမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...