တိုင်ကြားခံရသော ဒေးဒရဲမြို့နယ်မှ စည်ပင်အင်ဂျင်နီယာကို တာဝန်ထမ်းဆောင်ခွင့် ရုတ်သိမ်း

တိုင်ကြားခံရသော ဒေးဒရဲမြို့နယ်မှ စည်ပင်အင်ဂျင်နီယာကို တာဝန်ထမ်းဆောင်ခွင့် ရုတ်သိမ်း

ဒေးဒရဲမြို့နယ်၊စည်ပင်သာယာရေးကော်မတီမှ တာဝန်ခံအင်ဂျင်နီယာအား စည်ပင်လုပ်ငန်းများနှင့် ပတ်သက်ပြီး တိုင်ကြားခံရခြင်းအတွက် တာဝန်လျော့ပြီး ပြောင်းရွှေတာဝန်ထမ်းဆောင်ရန် ဆုံးဖြတ် ခဲ့ကြောင်းကို ဧရာဝတီတိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က ပြောသည်။

 “တာဝန်ခံအင်ဂျင်နီယာက လုပ်ငန်းများဆောင်ရွက်တဲ့အခါမှာ စာရင်းဇယား ကွာဟမှု ရှိတယ်ဆိုပြီးတော့ စည်ပင် ကော်မတီဝင်တစ်ယောက် တိုင်ကြားလာတဲ့အခါမှာ စစ်ဆေးပြီးတော့၊စာရင်းဇယားကွာဟ ငွေများကို စည်ပင်သာယာရန်ပုံငွေကို ပြန်လည်သွင်းစေပြီးတော့၊တာဝန်ခံအင်ဂျင်နီယာ တာဝန်ထမ်းဆောင်ခွင့်ကို ရုတ်သိမ်းခဲ့ပြီးတော့ တာဝန်ခံအင်ဂျင်နီယာမဟုတ်တဲ့ တခြားနေရာမှာ တာဝန်ထမ်းဆောင်စေဖို ့ ဆုံးဖြတ်ခဲ့ ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က ပြောသည်

 

ဒေးဒရဲမြို့နယ်တွင် ၂၀၁၈ခုနှစ် ၆လ ဘတ်ဂျက်တွင် စည်ပင်သာယာမှ လုပ်ကိုင်သည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး ဒေးဒရဲမြို့နယ်စည်ပင်သာယာကော်မတီဝင်က တိုင်ကြားခဲ့ခြင်းဖြစ်သည်။

 

၂၀၁၈ခုနှစ်တွင် ရေကြည်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ ရေကြည်မြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိနှင့်ယခင်ရေကြည်မြို့နယ် အလုပ်အမှုဆောင်အရာရှိနှင့် လက်ထောက်အင်ဂျင်နီယာတို ့အား ရေကြည်မြို့နယ်မြို့မရဲစခန်းတွင် အဂတိလိုက်စားမှု (ပ) ၁၁၂/၂၀၁၈၊ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၀၉၊ ၁၀၉၊ ၁၁၄ တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...