ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဋ္ဌအား ပါတီမှ အပြီးထုတ်ပယ်

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဋ္ဌအား ပါတီမှ အပြီးထုတ်ပယ်

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအား ဇန်နဝါရီလ ၁ဝရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့စဉ်။ ဓာတ်ပုံ-စည်သူမောင်မောင်

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် အသုံးပြုရန် ကား ၅ စီး ဝယ်ယူခဲ့မှုနှင့်ပတ်သက်ပြီး ပါတီဗဟိုမှ ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ပါတီမှ အပြီးထုတ်ပယ်လိုက်ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က မဇ္ဈိမသို့ ပြောသည်။

“ ဟုတ်ပါတယ်ခင်ဗျ။ ဒီနေ့ အမိန့်စာ ထွက်သွားပြီ။ ဟုတ်ပါတယ်။ ပါတီကနေ အပြီးထုတ်လိုက်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းလွှတ်တော်ရုံး၌ အသုံးပြုမည့်ကား ဝယ်ယူရာတွင် အလွဲသုံးစားမှု ပြုလုပ်သည်ဟုဆိုပြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်ကို တိုင်ကြားခံထားရခြင်းဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(NLD) အရံဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ဟိုးက ဦးဆောင်ပြီး အထူးအဖွဲ့ဖွဲ့ကာ ဒီဇင်ဘာလအတွင်းက စစ်ဆေးခဲ့ခြင်းဖြစ်သည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် လွှတ်တော်ရုံး၌ အသုံးပြုမည့်ကား ဝယ်ယူခဲ့သည့် လုပ်ငန်းစဉ် နှင့် ပတ်သက်ပြီး ပါတီရုံးချုပ်တွင် ခေါ်ယူမေးမြန်းခဲ့ပြီးနောက် ယင်းသို့ ပါတီမှ အပြီး ထုတ်ပယ်လိုက်ခြင်းလည်း ဖြစ်သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...