Mai Ja Yang တရုတ်-မြန်မာ နယ်စပ် လမ်းမပေါ် တရုတ် ခြံစည်းကာရန် မြေတူး

Mai Ja Yang တရုတ်-မြန်မာ နယ်စပ် လမ်းမပေါ် တရုတ် ခြံစည်းကာရန် မြေတူး

ကချင်ပြည်နယ် လွယ်ဂျယ် အနီး Mai Ja Yang မြို့ တရုတ်-မြန်မာနယ်စပ်လမ်းမပေါ် လမ်းပိတ် ခြံစည်းကာရန် မြေတူးမှုကို ယနေ့ ဇန်နဝါရီ ၁၅ ရက်နေ့ တရုတ်တပ်ဖွဲ့များ ပြုလုပ်နေပါသည်။

အဆိုပါလမ်းသည် မြန်မာဘက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်သော Mai Ja Yang မြို့ Kawng Sa (ကောင်းဆာ) ကျေးရွာ နှင့် တရုတ်ဘက် La Ying (လားယိန်း)မြို့ Sin Jai (စင်းကြိုင်) ကျေးရွာ ကို ဆက်ပေးသည့် နေ့စဉ် လူဝင်လူထွက်ရှိသော တရားမဝင် နယ်စပ်ဖြတ်ကျော်လမ်း တစ်ခု ဖြစ်သည်။

ယခု ခြံစည်းကာရန် မြေတူးသည့်နေရာသည် ‘မြန်မာပြည် ၁၉၉၄ အထောက်အထားမှတ်တိုင် (၁)’ မြန်မာပြည်အထဲဘက်ကို ကျူးကျော်ပြုလုပ်ခြင်းဖြစ်သည်ဟု ဒေသခံများ ကချင်သတင်းဌာန KNG ကို ပြောပါသည်။

ပြီးခဲ့သည့် ၂၀၁၈ စက်တင်ဘာ ၁၉ ရက်နေ့မှာလည်း ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်)မြို့နယ် Hpai Kawng ကျေးရွာ တရုတ်-မြန်မာနယ်စပ်လမ်းမပေါ် မြန်မာပြည်အထဲဘက်ကို ခြံစည်းကာရန် တရုတ်အာဏာပိုင်များ၏ တဖက်သတ် ပြုလုပ်နေခြင်းအား မြန်မာအစိုးရ ကန့်ကွက်မှုကြောင့် ပြန်လည် ဖျက်သိမ်းပေခဲ့သည်။

June 22, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြည်သူတစ်ဦးကို လေယာဉ်လက်မှတ်ရောင်းတဲ့ Facebook Page တစ်ခုက...
June 20, 2026
ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကို အဓိက ဆက်သွယ်ထားတဲ့ မန္တလေး–မြစ်ကြီးနား...
June 19, 2026
တစ်လကျော်ကြာ တိုက်ပွဲများပြင်းထန်နေတဲ့ ရွှေကူမြို့နယ်အတွင်း ကျေးရွာတချို့မှာ အခြေခံစားသောက်ကုန်...
June 18, 2026
ဖားကန့် မြို့နယ် လုံးခင်းကျေးရွာအုပ်စုထဲ စစ်ရေးဖော်ဆောင်နေတဲ့ စစ်တပ်နဲ့...