Mai Ja Yang တရုတ်-မြန်မာ နယ်စပ် လမ်းမပေါ် တရုတ် ခြံစည်းကာရန် မြေတူး

Mai Ja Yang တရုတ်-မြန်မာ နယ်စပ် လမ်းမပေါ် တရုတ် ခြံစည်းကာရန် မြေတူး

ကချင်ပြည်နယ် လွယ်ဂျယ် အနီး Mai Ja Yang မြို့ တရုတ်-မြန်မာနယ်စပ်လမ်းမပေါ် လမ်းပိတ် ခြံစည်းကာရန် မြေတူးမှုကို ယနေ့ ဇန်နဝါရီ ၁၅ ရက်နေ့ တရုတ်တပ်ဖွဲ့များ ပြုလုပ်နေပါသည်။

အဆိုပါလမ်းသည် မြန်မာဘက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်သော Mai Ja Yang မြို့ Kawng Sa (ကောင်းဆာ) ကျေးရွာ နှင့် တရုတ်ဘက် La Ying (လားယိန်း)မြို့ Sin Jai (စင်းကြိုင်) ကျေးရွာ ကို ဆက်ပေးသည့် နေ့စဉ် လူဝင်လူထွက်ရှိသော တရားမဝင် နယ်စပ်ဖြတ်ကျော်လမ်း တစ်ခု ဖြစ်သည်။

ယခု ခြံစည်းကာရန် မြေတူးသည့်နေရာသည် ‘မြန်မာပြည် ၁၉၉၄ အထောက်အထားမှတ်တိုင် (၁)’ မြန်မာပြည်အထဲဘက်ကို ကျူးကျော်ပြုလုပ်ခြင်းဖြစ်သည်ဟု ဒေသခံများ ကချင်သတင်းဌာန KNG ကို ပြောပါသည်။

ပြီးခဲ့သည့် ၂၀၁၈ စက်တင်ဘာ ၁၉ ရက်နေ့မှာလည်း ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်)မြို့နယ် Hpai Kawng ကျေးရွာ တရုတ်-မြန်မာနယ်စပ်လမ်းမပေါ် မြန်မာပြည်အထဲဘက်ကို ခြံစည်းကာရန် တရုတ်အာဏာပိုင်များ၏ တဖက်သတ် ပြုလုပ်နေခြင်းအား မြန်မာအစိုးရ ကန့်ကွက်မှုကြောင့် ပြန်လည် ဖျက်သိမ်းပေခဲ့သည်။

ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...
January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...