အမျိုးသားညီလာခံ ခန်းမကို စိုက်ပျိုးမွေးမြူရေးသင်တန်းကျောင်းအဖြစ် ပြောင်းမည်

အမျိုးသားညီလာခံ ခန်းမကို စိုက်ပျိုးမွေးမြူရေးသင်တန်းကျောင်းအဖြစ် ပြောင်းမည်

ညောင်နှစ်ပင်ရှိ အမျိုးသားညီလာခံခန်းမကို စိုက်ပျိုးမွေးမြူရေးသင်တန်းကျောင်းအဖြစ် ပြောင်းလဲရန် ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။

"ညောင်နှစ်ပင်မှာရှိတဲ့ တစ်ချိန်တုန်းက အမျိုးသားညီလာခံခန်းမကြီးကို သင်တန်းကျောင်းကြီးအဖြစ်ပြောင်လဲဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ဒီနေရာမှာ Investment အဖြစ်လည်း လုပ်ဖို့အစီစဉ်ရှိပါတယ်" ဟု ၎င်းကပြောသည်။

ပုဂ္ဂလိကကဏ္ဍဖွ့ံဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒုသမ္မတ(၁)နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေး နွေးပွဲ ၂၃ကြိမ်မြောက် အခမ်းအနားကို ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တွင် ဇန်နဝါရီ ၁၂ ရက်က ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

စက်မှုဇုန်များကို အဆင့်မြှင့်တင်ခြင်းကိစ္စကို လေ့လာဆောင်ရွက်နေသကဲ့သို့ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး ဇုန်ကိုလည်း အဆင့်မြှင့်ရန် လေ့လာဆန်းစစ်မှုပြုလုပ်နေကြောင်း သိရသည်။ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး ဇုန်သည် စတင်ခဲ့ချိန်ကတည်းက အသင်းအဖွဲ့များမှ လူပုဂ္ဂိုလ်နာမည်များဖြင့် မြေယူထားမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

"မြေတွေကို ယူထားပြီး ဘာမှမလုပ်ဘူးဆိုတဲ့သူတွေနဲ့ ကျွန်တော်တို့နဲ့ ဆွေးနွေးရမှာတွေရှိပါတယ်။ ညောင်နှစ် ပင် စိုက်ပျိုးမွေးမြူရေးဇုန်ကြီးက စတင်ပေးခဲ့စဉ်တည်းက အသင်းအဖွဲ့တွေက လူပုဂ္ဂိုလ်တွေနာမည်တွေနဲ့ ၅ဧက တစ်ယူနစ်တွေယူခဲ့ကြပါတယ်။ ဒါပေမယ့် အလုပ်မလုပ်ပါဘူး။ ဦးစီးဦးဆောင်ပြုဖို့တွက် ကြည့်လိုက်တဲ့အခြေအ နေကျလို့ရှိရင် အလုပ်သမားကို ဦးစီးဦးဆောင်ပြုဖို့ လာထည့်လို့မရပါဘူး။ တကယ်လုပ်နိုင်တဲ့သူတွေ ဦးစီးဦး ဆောင်ပြုမှ ရနိုင်တဲ့အခြေအနေမျိုးဖြစ်ပါတယ်" ဟု ဦးဖြိုးမင်းသိန်း ကပြောသည်။

အဆိုပါ ညောင်နှစ်ပင်ဇုန်ကို အဆင့်မြင့်တင်ရာတွင် တိုင်းဒေသကြီးအစိုးရမှ တိုက်ရိုက်ကွပ်ကဲသွားမည်ဖြစ်ပြီး ပုဂ္ဂလိကဏ္ဍနှင့် ပေါင်းစပ်လုပ်ဆောင်ရန် စဉ်းစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဇုန်အတွင်း ဆည်ရေ ရရှိရေး ကို အမြန်ဆုံးလုပ်ဆောင်သွားမည်ဖြစ်ပြီး ယခုနှစ်ဘတ်ဂျတ်တွင်လည်း လျာထားဆောင်ရွက် ထားကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ကပြောကြားသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...