ဖိလစ်ပိုင်တွင်ကျင်းပမည့် အလှမယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ချင်းအမျိူးသမီး သွားရောက်ယှဉ်ပြိုင်မည်

ဖိလစ်ပိုင်တွင်ကျင်းပမည့် အလှမယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ချင်းအမျိူးသမီး သွားရောက်ယှဉ်ပြိုင်မည်

ဖိလစ်ပိုင်နိုင်ငံ၏မြို့တော် မနီလာတွင် ယခုလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပမည့် ပထမဦးဆုံးအကြိမ် Little & Teen Glam International Pageant အလှယ်မယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ချင်းအမျိူးသမီး Regina Noi သွားရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ချင်းတိုင်းရင်းသူ Regina Noi သည် Miss Myanmar Beauty Paradise မှ ကျင်းပပြုလုပ်သည့် Miss Myanmar Beauty Paradise Chin State အလှမယ်ရွေးချယ်ပြိုင်ပွဲတွင် ကလေးမြို့နယ်ကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကာ ပထမဆု ရရှိခဲ့သည်။

ထို့နောက် ရန်ကုန်မြို့တွင် ကျင်းပခဲ့သော Miss Myanmar Beauty Paradise Competition Talent Show တွင် သွားရောက်ယှဉ်ပြိုင်ကာ Miss Teen Glam World International Myanmar 2019 Award ကို ဆွတ်ခူးနိုင်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ ထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...