လေမှတဆင့်ထုတ်လုပ်နိုင်သည့် ရေသန့်စက်ကို မိုးစက်ဝိုင်ဦးစီးသည့် Myanmar’s Heart Charity မှ တွန်းဇံ အ.ထ.က ကျောင်းအတွက်လှူဒါန်း

လေမှတဆင့်ထုတ်လုပ်နိုင်သည့် ရေသန့်စက်ကို မိုးစက်ဝိုင်ဦးစီးသည့် Myanmar’s Heart Charity မှ တွန်းဇံ အ.ထ.က ကျောင်းအတွက်လှူဒါန်း

လားနွန် – လေမှတဆင့် ထုတ်လုပ်နိုင်သည့် ရေသန့်နှင့် လျှပ်စစ်စက်ကို အလှမယ် မိုးစက်ဝိုင် ဦးစီးသည့် Myanmar’s Heart Charity နှင့် Swelect (ဆွိလတ်) အိန္ဒိယကုမ္ပဏီတို့ပူးပေါင်းပြီး တွန်းဇံမြို့ အထက်တန်းကျောင်းတွင် ဇန်နဝါရီလ (၆) ရက်နေ့မနက်က လှူဒါန်းခဲ့သည်။

အလှမယ် မိုးစက်ဝိုင်က “ချင်းပြည်က တောင်ကျရေတွေဟာ ထုံးဓာတ်ပါတာတွေ့ရတယ်၊ ရေဆိုတာ သန့်မှ လူလည်း ကျန်းမားရေးကောင်းမယ်၊ ကျန်းမာရေးကောင်းမှ ကျောင်းသားတွေရဲ့ အိမ်မက်တွေကို အကောင်ထည်ဖော်နိုင်မယ်”ဟု ပြောသည်။

၎င်းလှူဒါန်းခဲ့သည့် လေမှရေအဖြစ်ပြောင်းလဲပေးမည့် ဆိုလာစနစ် နည်းပညာတွေနှင့်ပြုလုပ်ထားပြီး ရေကို PH7 သောက်သုံးရန်လိုအပ်ကြောင်းကိုလည်း Myanmar’s Heart Charity ဒု-ဥက္ကဌ စိုင်းမင်းထက်ကပြောသည်။

“ဒီစက်က ရေအရင်းမြစ်မလိုဘူး၊ လေကနေပြီးတော့ရေပြောင်းမယ်၊ ပြောင်းပြီးတော့ အဲဒီရေကိုသောက်မယ်၊ ဆိုလာနဲ့သွားမယ့်စနစ်ဖြစ်တယ်၊ ကျွန်တော် ချင်းပြည်နယ်က နေရာတော်တော်များကိုသွားပါတယ်၊ အခု ကျွန်တော်ချင်းပြည်ရောက်တဲ့အခါမှာ ရေကို ရေစစ်နှင့်သောက်တယ်၊ ကြိုချက်ပြီးသောက်တယ်၊ ဒါပေမယ့် နေ့တိုင်း အဆိပ်အတောက်တွေကို သွင်းသလိုဖြစ်နေတယ်၊ ဒါကြောင့် အဓိက ရည်ရွယ်ချက်ကတော့တွေ့သမျှရေကိုမသောက်နဲ့၊ ရေကိုသန့်သန့်ရှင်းရှင်းသောက်သုံးသင့်တယ်လို့ပြောချင်တယ်” ဟု  စိုင်းမင်းထက်ကပြောသည်။

တွန်းဇံမြို့၊ ခေါဝုန်/လေးဆန်ရပ်ကွက်တွင်တည်ရှိသော အ.ထ.က ကျောင်းတွင် ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၀၀၀) ကျော်ခန့် ပညာသင်ကြားလျက်ရှိသည်။

April 4, 2026
စစ်တပ်လွှတ်တော်မှတစ်ဆင့် သမ္မတ ဖြစ်လာသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို...
April 3, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်ဇံမြို့နယ် (ဇိုဂမ်ဒေသ)တွင် အခြေ စိုက် လှုပ်ရှားနေသော...
April 2, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်ဖွဲ့သည် စစ်မှုထမ်းဥပဒေအကြောင်းပြုကာ...
April 1, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ခရစ်ယာန်ဘာသာဝင်များ မြေမြုပ်သဂြိုလ်သော ခရစ်ယာန်သုသာန်တွင်...