ဖိုးလုံးသေဆုံးမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံနေရသူ ကိုရဲဇော်ကို ရမန်နှစ်ပတ် ထပ်မံယူ

ဖိုးလုံးသေဆုံးမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံနေရသူ ကိုရဲဇော်ကို ရမန်နှစ်ပတ် ထပ်မံယူ

စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှ တပ်ကြပ်ဝင်းထိုက်(ခ)ဖိုးလုံး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးမှုနှင့်ပတ်သက်၍ စစ်တွေ အမှတ်(၁) ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးခံနေရသူ ကိုရဲဇော်အား ရမန်နှစ်ပတ် ထပ်မံယူလိုက်သည်။

ကိုရဲဇော်ကို  ဒီဇင်ဘာလ ၂၈ နေ့တွင် စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးရန် ရုံးချိန်းပေးထားသော်လည်း သူ၏ ကျန်းမာရေးအခြေအနေကြောင့်  ရုံးမထုတ်နိုင်ခဲ့ဘဲ ရမန်ယူခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို့က တရားရုံးမှာပဲ ရမန်ယူမယ်လို့ ထင်ထားတယ်။ အခုတော့ ကိုရဲဇော်ရဲ့ ကျန်းမာရေးအခြေနေကြောင့် ဆေးရုံမှာပဲ တရားသူကြီးက လာပြီး နောက်ထပ်ရမန်ယူလိုက်ပါတယ် ” ဟု ကိုရဲဇော်၏ သူငယ်ချင်းဖြစ်သူ ကိုမင်းဘာချေက DMG ကို ပြောသည်။

ဖမ်းဆီးစစ်ဆေးခံနေရသူ ကိုရဲဇော်မှာ ဗိုက်အောင့်၊ သွေးတိုး၊ အသားဝါ၊ ခါးနာ စသည့်ဝေဒနာများဖြင့် ဒီဇင်ဘာလ ၂၄ ရက်နေ့မှစပြီး စစ်တွေပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေခြင်းဖြစ်သည်။  ယခုအချိန်တွင် သူ၏ ကျန်းမာရေးအခြေနေမှာ ယခင်ကထက် သက်သာလာပြီဟု ကိုမင်းဘာချေက ဆက်လက်ဆိုသည်။

ကိုရဲဇော်ကို ဒီဇင်ဘာ ၁၅ ရက်နေ့က ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပရာ  ရန်ကုန်တိုင်းရင်းသားကျေးရွာတွင် ဖမ်းဆီးကာ စစ်တွေသို့ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် စစ်ဆေးရန် လွဲပြောင်းပေးခဲ့သည်။

ကိုရဲကျော်မှာ ရခိုင်အမျိုးသားပါတီ (ANP)၏ ရန်ကုန်တိုင်း လူငယ်အဖွဲ့ဝင်ဖြစ်ပြီး AYC ရခိုင် လူငယ်အဖွဲ့တွင်လည်း အဖွဲ့ဝင်ဖြစ်ကာ ပရဟိတ၊ လူမှုရေးကိစ္စရပ်များတွင် တက်ကြွစွာ ပါဝင်သူတစ်ဦးလည်းဖြစ်သည်။

သေဆုံးသွားသည့် ကိုဖိုးလုံးမှာ စက်တင်ဘာလ ၂၅ ရက်နေ့က စစ်တွေမြို့ဝင်္ကဘာကွင်း ဈေးပွဲတော်အတွင်း အမည်မသိသူတစ်ဦးမှ သေနတ်ဖြင့်အနီးကပ် လုပ်ကြံခံရကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး ယင်းအမှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်း တက်ကြွလှုပ်ရှားလူငယ်များဖြစ်သော ကိုအောင်ချေ၊ ကိုမေယုထွန်းနှင့် ခိုင်ဘိုဘိုတို့ကိုလည်း စစ်တွေမြို့မရဲစခန်းမှ ဖမ်းဆီးခဲ့ပြီး  နိုဝင်ဘာလ ၅ ရက်နေ့တွင် အာမခံဖြင့် ပြန်လွှတ်ပေးလိုက်သည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...