ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် မသန်စွမ်း ဒုတိယအများဆုံးပြည်နယ်ဖြစ်သဖြင့် ဦးစားပေး ဘတ်ဂျတ်ချပေးနိုင်ရန် တောင်းဆိုသွားမည်ဟုဆို

ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် မသန်စွမ်း ဒုတိယအများဆုံးပြည်နယ်ဖြစ်သဖြင့် ဦးစားပေး ဘတ်ဂျတ်ချပေးနိုင်ရန် တောင်းဆိုသွားမည်ဟုဆို

မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းအားလုံးတွင် ချင်းပြည်နယ်သည် မသန်စွမ်းဦးရေ ဒုတိယအများဆုံးပြည်နယ် ဖြစ်နေသဖြင့် အစိုးရမှ ဦးစားပေးဘတ်ဂျတ်ချပေးနိုင်ရန် တောင်းဆိုသွားမည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်မှ ပြောသည်။

“မသန်စွမ်းဆိုင်ရာ နည်းဥပဒေက ခုမှထွက်တာဆိုတော့ သီးသန့်ဘတ်ဂျတ်တော့ မဝင်သေးပါဘူး၊ လွှတ်တော်မှာ ဆွေးနွေးတာတွေဘဲလုပ်နိုင်သေးတယ်၊ ဒါပေမယ့် နည်းဥပဒေလည်းထွက်ပြီဆိုတော့ နောက်ပိုင်းမှာ အစိုးရက ဘတ်ဂျက်တွေကျလာမှာပါ၊ အစိုးရကဘတ်ဂျက်မကျခင်မှာ မြန်မာနိုင်ငံ မသန်စွမ်းအမျိုးသားကော်မတီကို ချင်းပြည်နယ်က မြန်မာနိုင်ငံမှာ မသန်စွမ်းဦးရေ ဒုတိယအများဆုံးပြည်နယ် ဖြစ်တာကြောင့် အမြန်ဆုံးဦးစားပေး ထောက်ပံ့ပေးဖို့ ပြောထားပါတယ်” ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်မှပြောသည်။

နိုဝင်ဘာ ၃၀ ရက်နေ့တွင်ကျင်းပခဲ့သည့် ချင်းပြည်နယ်လွှတ်တော် ၁၆ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မသန်စွမ်းသူများအတွက် ဘဏ္ဍာငွေများ သီးခြားခွဲဝေလျာထားပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းအားမေးမြန်းခဲ့ပြီး လောလောဆယ်တွင် သီးသန့်ဘဏ္ဍငွေ ရာထားချက်မရှိသေးပေးမယ့် နောက်နောက်တွင် လွှတ်တော်မှ သီးသန့်ဘတ်ဂျတ်ချပေးနိုရန်သာ ဆွေးနွေးခဲ့ကြကြောင်းသိသည်။

ချင်းပြည်နယ်သည် ၂၀၁၄ သန်ခေါင်စားရင်းအရ မသန်စွမ်းဦးရေမှာ မြန်မာနိုင်ငံတွင် ဒုတိယအများဆုံးပြည်နယ်ဖြစ်ပြီး ယခင်က အစိုးရဘက်မှ ကူညီထောက်ပံ့တာမျိုးမရှိခဲ့ဘူးဟု သိရသည်။

“အစိုးရအနေနဲ့ ဘတ်ဂျက်ကို အမြန်ဆုံးချပေးသင့်တယ်လို့ ကျွန်တော်ထင်တယ် ဘာကြောင့်လဲဆိုရင် မသန်စွမ်းတဲ့သူတွေကလည်း မြန်မာနိုင်ငံသားတွေဘဲဖြစ်တယ်၊ အဲဒါကြောင့် နိုင်ငံတော်က ထောက်ပံ့ပေးတဲ့ အခွင့်အရေးတွေကို သူတို့အနေနဲ့ ခံစားသင့်တယ်၊ ဒီနေ့ဒီချိန်ထိ မသန်စွမ်းတွေကို အစိုးရက ကာကွယ်ပေးတာ ပံ့ပိုးပေးတာ၊ မသန်စွမ်းသူတွေ ဘဝဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးတာ ခုချိန်ထိမရှိသေးဘူး၊ ဒီနေ့ဒီချိန်ထိ မသန်စွမ်းသူတွေဟာ လျစ်လှူရှူခံရတဲ့ လူအုပ်စုတစ်ဖြစ်တာကြောင့် အမြန်ဆုံး ကူညီပေးဖို့လိုတယ်၊ နောက်တောင်နောက်ကျနေပါပီ”ဟု မသန်စွမ်းရှေ့ဆောင်အဖွဲ့၏ တွဲဘက်ဒါရိုက်တာ ကိုJoshua မှပြောသည်။

နိုင်ငံတော်အစိုးရမှ မသန်စွမ်းများအတွက် သီးသန့်ဘတ်ဂျတ်သာချပေးနိုင်မည်ဆိုပါက မသန်စွမ်းများ ပညာသင်ကြားရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် အကူအညီများပေးနိုင်မည်ဖြစ်ပြီး မသန်စွမ်းမိသားစုဝင်များအတွက်လည်း အကူအညီရသွားမည်ဖြစ်ကြောင်း သိရသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...