ချင်း U-12 အနေဖြင့် ကွားတားဖိုင်နယ်အထိ ရှုံးပွဲမရှိအနိုင်ရနေခြင်းမှာ လူစုစည်းချိန်နှင့် လေ့ကျင့်ချိန်ပိုရသောကြောင့်ဟုဆို

ချင်း U-12 အနေဖြင့် ကွားတားဖိုင်နယ်အထိ ရှုံးပွဲမရှိအနိုင်ရနေခြင်းမှာ လူစုစည်းချိန်နှင့် လေ့ကျင့်ချိန်ပိုရသောကြောင့်ဟုဆို

ရန်ကုန်မြို့တွင် ကျင်းပနေသည့် တိုင်းနဲ့ပြည်နယ် U-12ဘောလုံးအားကစားပွဲတွင် ချင်းU-12 သည် ကွားတားဖိုင်နယ်အထိ ရှုံးပွဲမရှိ အနိုင်ရခြင်းမှာ လူစုစည်းချိန် နှင့် လေ့ကျင့်ချိန် ပိုရသောကြောင့် ဖြစ်သည်ဟု ချင်း U-12 အသင်းနည်းပြ ဆရာကီးလိန်းကပြောသည်။

ချင်းU-12အသင်းနည်းပြ ဆရာကီးလိန်းက “ကျွန်တော်တို့ချင်းလူမျိုးတွေတော့ နှစ်တိုင်းနှစ်တိုင်း လာကစားရင် အုပ်စုကနေပြုတ်ပြုတ်သွားတယ် ကျွန်တော်တို့ချင်းတွေက ညံ့လို့တော့မဟုတ်ဘူး လေကျင့်ချိန်နဲ့ လူစုစည်းမှုအားနည်းလို့ ရှုံးရတယ် ဒီနှစ်ကတော့ မင်းတပ်မြို့ တစ်မြို့ထဲကဆိုတော့ လူစုစည်းရတာ လည်းလွယ်တယ် လေ့ကျင့်ချိန်လည်း ပိုရတယ် အဲတာတွေကြောင့်လည်း အခုလို အောင်ပွဲတွေ ဆက်တိုက်ရရှိနေတယ်လို့ ထင်တယ်”ဟုပြောသည်။

တိုင်းနှင့်ပြည်နယ် U-12 ပြိုင်ပွဲယှဉ်ပြိုင်နေသည့် ချင်းပြည်နယ် U-12 အသင်းဟာ လေးပွဲကစားပြီးရာမှာ ချင်းအသင်းမှ ကချင်ကို(၃း၁)ဂိုး၊ မန္တလေးကို (၂းဝ)ဂိုး၊ ရန်ကုန်ကို (၃း၁)ဂိုး၊ ကရင်ကို(၃း၁)ဂိုးဖြင့် လေးပွဲဆက်တိုက်အနိုင်ရရှိခဲ့ပြီး ဆီးမီးဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့သည်။

ဆရာကီးလိန်းက “   ချင်းပြည်နယ်ကိုးမြို့နယ် ဟာဆိုရင် တစ်မြို့နယ်အလိုက်  ခွဲတမ်းပုံစံနဲ့ လာတဲ့အခါကြတော့ လူစုရတာလည်း ခက်ခဲတယ် လေ့ကျင့်ရေးလုပ်ရတာ ခက်ခဲတယ်ဆိုတော့  တစ်မြို့နယ်ထဲကဟာကို တစ်စုတည်းနဲ့ လုပ်ရင် လေ့ကျင့်ချိန်လည်း ပိုများများရမယ်ဆိုပြီးတော့ တစ်မြို့နယ်ထဲကဟာကို ခေါ်လာတာပါ ပြီးတော့ ဒီကစားသမားတွေထဲကနေ တကယ့်အရည်းချင်းရှိတဲ့   ကလေးတွေကို အားကစားသိပ္ပံမှာ ကျောင်းဆက်တက်ရမယ့် အခွင့်အရေးကိုလည်း ဒီကသက်ဆိုင်ရာ လူတွေက ရွေးချယ်သွားမယ်လို့ ” ဟုပြောသည်။

ယနေ့ညနေ(၄)နာရီတွင် တိုင်းနဲ့ပြည်နယ် U-12 ဆီမီးဖိုင်နယ်ကို ချင်း နှင့် မကွေး အသင်းတို့သည် ရန်ကုန်မြို့ရှိမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ မြက်ခင်းတုကွင်းတွင် ကစားသွား မည်ဖြစ်ကြောင်းသိရသည်။

သူကဆက်ပြီး “ကျွန်တော်တို့ကိုအားပေးတဲ့ ပရိတ်တွေကတော့ သတင်းမကြားခင်တော့ မရှိဘူး နည်းနည်းအောင်မြင်မှုတွေရတော့ သတင်းတွေကနေတစ်ဆင့် သိကြပြီး အားပေးတဲ့သူတွေ တစ်ဖြည်းဖြည်းလူများလာတယ်  အားပေးတဲ့သူတွေကလည်း အားရပါးရ အားပေးကြတော့ ကလေးတွေကလည်း တော်တော်လေး အားတတ်တယ် တော်တော်လေး အားရစရာကောင်းတယ်”ဟုပြောသည်။

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...