ဇိုး (ချင်း) မျိုးနွယ်စုနေထိုင်သည့် နေရာတိုင်းသည် မိမိတို့နယ်မြေဖြစ်ကြောင်း ဒေါ်ရှားမီးပြော

ဇိုး (ချင်း) မျိုးနွယ်စုနေထိုင်သည့် နေရာတိုင်းသည် မိမိတို့နယ်မြေဖြစ်ကြောင်း ဒေါ်ရှားမီးပြော

ဇိုး (ချင်း) မျိုးနွယ်စုများသည် အနယ်နယ်အရပ်ရပ်ဒေသများတွင် သီးခြားစီနေထိုင်ကြသော်လည်း မိမိနေထိုင်သည့်နေရာတိုင်းသည် မိမိတို့နယ်မြေဖြစ်ကြောင်း ကလေးမြို့ပြည်သူ့လွတ်တော်ကိုယ်စားလှယ် Ebenezer Khawtinsiami (ခ) ဒေါ်ရှားမီးက ပြောသည်။

မီဇိုရမ်ပြည်၊ Mamit ခရိုင်၊ Reiek ကျေးရွာတွင် ဒီဇင်ဘာ (၄) ရက်မှ (၇) ရက်အထိကျင်းပသော Zofest 2018 ပွဲတော်ကြီး နောက်ဆုံးနေ့တွင် အထူးဧည့်သည်တော်ကြီးအဖြစ်တက်ရောက်ခဲ့သည့် ဒေါ်ရှားမီးက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဇိုး (ချင်း) မျိုးနွယ်စုများနေထိုင်သည့်နေရာတိုင်းဟာ မိမိနယ်မြေဖြစ်တယ်။ ဇိုး (ချင်း) မျိုးနွယ်စုများဟာ အနယ်နယ်အရပ်ရပ်မှာ တကွဲတပြားနေကြရတယ်ဆိုပေမယ့်၊ တအူတုံဆင်း တစ်ဝမ်းတည်းထွက်  လူမျိုးတစ်မျိုးပဲဖြစ်တယ်” ဟု ပြောသည်။

ဇိုး (ချင်း) မျိုးနွယ်စုများသည် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့်စသည့် (၃) နိုင်ငံတွင် အုပ်ချုပ်မှုသီးခြားစီ နေထိုင်နေကြရသည့်အတွက် တစ်ဦးပေါ်တစ်ဦး အမြင်များမှားယွင်းနိုင်သော်လည်း စိတ်ဝမ်းမကွဲကြဖို့အရေးကြီးသည်ဟု သူကဆက်ပြောသည်။

“နေထိုင်ရတဲ့နိုင်ငံက သီးခြားစီဖြစ်တယ်၊ အုပ်ချုပ်မှုကလည်း သီးခြားစီဖြစ်တယ်၊ ဒါကြောင့် တစ်ဦးနဲ့တစ်ဦး အမြင်မှားနိုင်တယ်၊ ဒီအရာတွေအတွက်နဲ့ ညီအကိုများဖြစ်သည်ကို မပျက်စီးဖို့ အရေးကြီးတယ်” ဟု ဒေါ်ရှားမီးကပြောသည်။

သူမအနေဖြင့် ဇိုး (ချင်း) မျိုးနွယ်စုများအတွက် ရှေ့အနာဂတ်တွင် မျှော်မှန်းထားသော ဆန္ဒများရှိကြောင်း ပြောဆိုခဲ့ပြီး (၁) အခြားဘာသာကိုးကွယ်သော လူမျိုးများစွာကြားတွင် နေထိုင်နေကြရသည့်အတွက် ခရစ်တော်၏သတင်းကောင်းကို ဟောပြောတဲ့နေရာမှာ အပြန်အလှန်ကူညီဆောင်ရွက်ခြင်း၊ (၂) ယဉ်ကျေးမှု၊ စာပေ၊ Music ပိုင်းဆိုင်ရာမှာ ဒီထက်မက ရင်းနှီးမှုရှိခြင်း၊ (၃) ပိုမိုကောင်းမွန်သော ဆက်သွယ်ရေးတည်ဆောက်ခြင်းနှင့် (၄) Law and Order ပိုင်းဆိုင်ရာမှာလည်း အတူတကွ လက်တွဲလုပ်ဆောင်သွားကြဖို့ မျော်လင့်ကြောင်း ပြောဆိုခဲ့သည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...