ကလေးမြို့တွင် ဒေသတွင်းဖွံ့ဖြိုးရေး၊ ကောင်းမွန်သောစီမံအုပ်ချုပ်မှုနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍဖိုရမ်ပြုလုပ်မည်

ကလေးမြို့တွင် ဒေသတွင်းဖွံ့ဖြိုးရေး၊ ကောင်းမွန်သောစီမံအုပ်ချုပ်မှုနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍဖိုရမ်ပြုလုပ်မည်

သံလွင် (Citizen Empowerment Program) နှင့် Triangle အမျိုးသမီးအဖွဲ့တို့ ပူးပေါင်းပြီး “ဒေသတွင်းဖွံ့ဖြိုးရေး၊ ကောင်းမွန်သောစီမံအုပ်ချုပ်မှုနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ဖိုရမ်ကို ဒီဇင်ဘာ ၈ ရက်နဲ့ ၉ ရက်နေ့များတွင် ကလေးမြို့ရှိ ရှင်းဟုန်ဟိုတယ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုလို ဖိုရမ်ပြုလုပ်ရသည့်ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး Triangle အမျိုးသမီးအဖွဲ့၏ စီမံကိန်းအရာရှိ သရဖီလှိုင်က ခိုနှုမ်းသုန်သတင်းဌာနကို အခုလိုပြောပါသည်။

“ဖိုရမ်ပြုလုပ်ရတာကတာ့ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ တာဝန်ရှိသူတွေနဲ့ ဒေသတွင်းဖွုံဖြိုးရေးတွေမှာ ပိုမိုအားကောင်းစွာဆောင်ရွက်နိုင်ဖို့၊ ကောင်းမွန်သောစီမံအုပ်ချုပ်မှုဆိုတာကို သိရှိနားလည်ပြီး စောင့်ကြည့်တက်ဖို့၊ တာဝန်ရှိသူတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ချိတ်ဆက်မှုရဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ လုပ်တာဖြစ်ပါတယ်။ ဒီဖိုရမ်ကထွက်ရှိလာတဲ့ ဆွေးနွေးမှုရလဒ်တွေကို ကျမတို့အဖွဲ့ (၂) ဖွဲ့ကနေတဆင့် တာဝန်ရှိသူတွေဆီ ပို့ဆောင်ပေး၊ တင်ပြပေးမှာဖြစ်တယ်” ဟု သရဖီလှိုင်ကပြောသည်။

အဆိုပါဖိုရမ်တွင် ပါဝင်ဆွေနွေးမည့်သူများမှာဆရာခင်မောင်ညို (ဘောဂဗေဒ)၊ ဦးသီဟသူ၊ ဒေါက်တာရန်မျိုးသိမ်းတို့ဖြစ်ကြပြီး ဖိုရမ်တွင် လွတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာမှ ပုဂ္ဂိုလ်များနှင့် ကလေး၊ တမူး၊ ချင်းပြည်နယ်နှင့် ဒေသတစ်ဝိုက်မှာရှိသော အရပ်ဘက်အဖွဲ့အစည်းများနဲ့ နိုင်ငံရေးပါတီများအား ဖိတ်ကြားထားကြောင်းသိရသည်။

၎င်းဖိုရမ်တွင် အမျိုးသမီးစကားဝိုင်းလည်းပါဝင်မှာဖြစ်ပြီး အမျိုးသမီးများ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေးလက်ရှိအေနအထားများကို ကလေးမြို့ ဒေသခံအရပ်ဖက်အဖွဲ့အစည်းတစ်ချို့မှ ဆရာ၊ ဆရာမများက ဦးဆောင်ဆွေးနွေးသွားမည်ဟု သရဖီလှိုင်က ဆက်ပြောပါသည်။

“အမျိုးသမီးစကားဝိုင်းလည်းပါဝင်မှာဖြစ်တယ်။ အမျိုးသမီးတွေရဲ့ ဘဝတွေ ဖွံ့ဖြိုးတိုးတတ်ရေးလက်ရှိအေနအထား၊ အဟန့်အတား၊ ဘယ်သူတွေပါဝင်ပေးနိုင်မှာလဲ စတဲ့အကြောင်းအရာတွေကို ကလေးမြို့ ဒေသခံအရပ်ဖက်အဖွဲ့အစည်းတစ်ချို့မှ ဆရာ/ဆရာမတို့ တွေက ဦးဆောင်ဆွေးနွေးမှာဖြစ်တယ်။” လို့ ပြောသည်။

Triangle အမျိုးသမီးအဖွဲ့သည် အမျိုးသမီးများလုံခြုံရေး၊ တရားမျှတရေး၊ ဖွံ့ဖြိုးတိုးတတ်ရေး စတာတွေကို အသိပညာပေးလုပ်ငန်းများ၊ သုသေသန၊ မူဝါဒဥပဒေပြုပြင်ပြောင်းလည်းရေး စသည့်အရာများ လုပ်ဆောင်နေသောအဖွဲ့အစည်းဖြစ်ပြီး ဆယ်ကျော်သက်အမျိုးသမီးငယ်လေးများကဏ္ဍ၊ အမျိုးသမီးခေါင်းဆောင်မှုကဏ္ဍ နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကဏ္ဍတို့ကိုလည်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ မကွေးတိုင်းတို့မှာ စီစဉ်ဆောင်ရွက်သောအဖွဲ့အစည်းြဖစ်သည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...