မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲမှု ဥပဒေပြင်ဆင်ချက်ကို ချင်းအမျိူးသမီးများအဖွဲ့ လက်မခံ

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲမှု ဥပဒေပြင်ဆင်ချက်ကို ချင်းအမျိူးသမီးများအဖွဲ့ လက်မခံ

ပြီးခဲ့သည့် စက်တင်ဘာလက အတည်ပြုပြဌာန်းလိုက်သော လယ်ယာမြေဥပဒေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲမှု ဥပဒေပြင်ဆင်ချက်ကို လုံး၀ သဘောမတူကြောင်း ချင်းအမျိူးသမီးအဖွဲ့အစည်းများကွန်ယက် (CWON) က ပြောဆိုလိုက်သည်။

ဒုတိယအကြိမ်မြောက် ချင်းအမျိူးသမီးအဖွဲ့အစည်းများကွန်ယက် အထွေထွေညီလာခံကို ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့၊ ကာဆင်ခန်းမတွင် နိုဝင်ဘာလ ၂၈ မှ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲမှုဥပဒေကို လုံးဝသဘောမတူကြောင်း ပြန်လည်ပြင်ဆင်သင့်သည်ဟု ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ခြင်းဖြစ်သည်။

CWON အတွင်းရေးမှူး ဒေါ်စုံဇီးမန်က “ကျမတို့ချင်းပြည်နယ်မှာက တောင်ယာစနစ်ကိုလုပ်ကိုင်တဲ့အခါမှာ တောင်ယာတွေက သတ်မှတ်ချက်မရှိဘဲနဲ့ သူ့တောင်ယာ၊ ကိုယ့်တောင်ယာဆိုပြီး လုပ်ရင်းနဲ့ ရွှေ့ပြောင်းပြီးတော့ လုပ်ကြတာပေါ့နော်၊ ဘိုးဘွားပိုင်မြေအဖြစ် ဒါတွေကိုလုပ်ကိုင်လာကြတာပါ၊ အခုလိုမျိူး ဒီမြေကွက်တွေကို ပုံစံ (၁၀၅/၁၀၆) တို့ သွားလုပ်ပြီးတော့မှ အဲဒါတွေမလုပ်ဘူးဆို ထောင်ချမယ်၊ ပြီးရင် အရေးယူမယ်ဆိုတာမျိူးက ကျမတို့ဘက်မှာ အဆင်မပြေဘူး၊ ဘိုးစဉ်ဘောင်ဆက်ကတည်းက ဒီလိုပဲနေလာတာ၊ အဲဒါကြောင့် ကျမတို့က သဘောမတူနိုင်တာပါ’’ ဟု ပြောသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေကို ၂၀၁၂ ခုနှစ်က ပြဌာန်းခဲ့ကြပြီး ပြန်လည်ပြင်ဆင်သည့် ဥပဒေကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၁၁) ရက်က ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်အရ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေကို အသုံးပြုနေသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအနေဖြင့် ပြင်ဆင်ချက်ဥပဒေထုတ်ပြန်ပြီး (၆) လအတွင်း သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီကို လျှောက်ထားရမည်ဖြစ်သည်။

လျှောက်ထားခြင်းမရှိပါက ဥပဒေအရ အရေးယူမည်ဟု မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဗဟိုကော်မတီက နိုဝင်ဘာလ (၂) ရက် နေ့စွဲနဲ့ အသိပေးစာ ထုတ်ပြန်ခဲ့ပြီး အရပ်ဘက်အဖွဲ့အစည်းနှင့် တိုင်းရင်းသားအဖွဲ့အစည်းများမှ ဝိုင်းဝန်းဝေဖန်ခဲ့ကြသည်။

ချင်းဒီမိုကရေစီအဖွဲ့ချူပ်ဥက္ကဌ တရားလွှတ်တော်ရှေ့နေ ဦးငိုင်ဆာခ့် က ချင်းတောင်တွင် ရွှေ့ပြောင်းတောင်ယာစနစ်ကို ကျင့်သုံးခြင်းဖြစ်သဖြင့် မိမိပိုင် တောင်ယာကွက်တစ်ကွက်ကို (၉) နှစ်တစ်ကြိမ်၊ (၁၀) နှစ်တစ်ကြိမ်လှည့်ပြီး လုပ်ကိုင်ခြင်းဖြစ်ကြောင်း၊ တောင်ယာကွက်တစ်ကွက်ကို နှစ်စဉ် ဆက်တိုက်လုပ်၍မရကြောင်း၊ သို့သော် ဥပဒေပါ မြေလွတ်မြေလပ် ဆိုသော အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ရွှေ့ပြောင်းတောင်ယာစနစ်အရ နှစ်စဉ်ဆက်တိုက်မလုပ်ရပဲ ချုံပင်နွယ်ပင်များ၊ သစ်ပင်ကြီးများ ကြီးထွားစေရန် စောင့်ဆိုင်းရသည့်အတွက် ချန်လှပ်ထားကာလကို အသိအမှတ်မပြုပဲ မြေလွတ်မြေလပ်အဖြစ် သတ်မှတ်ထားသဖြင့် အကာအကွယ်အပြည့်မရကြောင်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...