မီဇိုရမ်တွင်ကျင်းပမည့် Zofest ပွဲတော်တွင် ဧည်သည်တော်ကြီးအဖြစ် ကလေးမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် Pi Siami ပါဝင်တက်ရောက်မည်

မီဇိုရမ်တွင်ကျင်းပမည့် Zofest ပွဲတော်တွင် ဧည်သည်တော်ကြီးအဖြစ် ကလေးမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် Pi Siami ပါဝင်တက်ရောက်မည်

မီဇိုရမ်ပြည်နယ် Reiek ကျေးရွာတွင် ဒီဇင်ဘာလ (၄) ရက်နေ့မှစ၍ (၇) ရက်နေ့အထိ သုံးရက်ကြာကျင်းပမည့် Zofest 2018 ပွဲတော်တွင် ဧည့်သည်တော်ကြီးအဖြစ် ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် Ebenezer Khawtinsiami (ခ) ဒေါ်အေးအေးမှု ပါဝင်တက်ရောက်မည်ဟု သိရသည်။

Zofest ပွဲတော်တက်ရောက်ရန် ဖိတ်ကြားထားခြင်းခံရသည့်အပေါ် အထူးအလေးအနက်ထားရှိကြောင်း၊ Visa ကိုလည်း ပြည်သူ့လွှတ်တော် ညွန်ကြားရေးမှူးချုပ်နှင့် ဦးစီးအရာရှိတို့က ကူညီဆောင်ရွက်ပေးကြောင်း၊ သူနှင့်အတူ လွှတ်တော်အမတ် သုံးဦးလည်း ပါဝင်မည်ဖြစ်ကြောင်း Ebenezer Khawtinsiami (ခ) ဒေါ်အေးအေးမှု က ယခုလိုပြောသည်။

“ကျမအလေးအနက်ထားတယ်၊ သွားရောက်နိုင်ဖို့လည်း Visa တွေ လုပ်ဆောင်နေတယ်။ ကျမနဲ့အတူ လွှတ်တော်အမတ် (၃) ဦးဖြစ်ကြတဲ့ Ni Sui Lian ၊ Kyi Moet Moet Lawn မန္တလေး နှင့် Salai Riang Vel တို့လည်းလိုက်မယ်” ဟု ပြောသည်။

Zofest ပွဲတော်သည် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့်နိုင်ငံတို့တွင် ပြန့်နံ့နေထိုင်ကြသော ဇိုး (ချင်း) မျိူးနွယ်စုများ တွေ့ဆုံသည့် ပွဲတော်ဖြစ်ပြီး မီဇိုးကျောင်းသားအဖွဲ့ Mizo Zirlai Pawl (MZP) မှ ကြီးမှူးပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသည့် ပွဲတော်ဖြစ်သည်။

အဆိုပါပြုလုပ်မည့် Zofest 2018 ပွဲတော်တွင် အနယ်နယ်အရပ်ရပ်မှာရှိနေကြသော ဇိုး (ချင်း) မျိုးနွယ်စုများအား ဖိတ်ကြားထားကြောင်းသိရပြီး မြန်မာနိုင်ငံမှ ဟားခါး၊ တီးတိန်မြို့နယ်တို့ အဖွဲ့အစည်းများ၊ ဟွားလ်ငို၊ အရှှို မျိူးနွယ်စုများ၊ ချင်းကျောင်းသားသမဂ္ဂနှင့် ချင်းလူငယ်အဖွဲ့ဗဟိုတို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်ကြမည်ဟု သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...