ချင်းပြည်နယ်အစိုးရ၏ဖွံ့ဖြိုးရေးလုပ်ငန်းများကို အမြဲကန့်ကွက်နေလျှင် တစ်နိုင်ငံလုံးတွင် အမြဲဖွံ့ဖြိုးမှု နိမ့်ကျနိုင်ကြောင်း စည်ပင်ဝန်ကြီး ဦးစိုးထက်သတိပေး

ချင်းပြည်နယ်အစိုးရ၏ဖွံ့ဖြိုးရေးလုပ်ငန်းများကို အမြဲကန့်ကွက်နေလျှင် တစ်နိုင်ငံလုံးတွင် အမြဲဖွံ့ဖြိုးမှု နိမ့်ကျနိုင်ကြောင်း စည်ပင်ဝန်ကြီး ဦးစိုးထက်သတိပေး

ချင်းပြည်နယ်အစိုးရမှ မြေမတရားသိမ်းမှုမရှိသလို အစိုးရ၏လုပ်ငန်းများကို အမြဲကန့်ကွက်နေလျှင် တိုင်းနှင့်ပြည်နယ်အားလုံးတွင် ချင်းပြည်နယ်သည် ဖွံ့ဖြိုးမှု အနိမ့်ဆုံးအဖြစ်ဆက်ရှိနေမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကသတိပေးပြောကြားသည်။

စည်ပင်ဝန်ကြီးဦးစိုးထက်က “ချင်းပြည်နယ်အစိုးရအနေနဲ့ မတရားသိမ်းတာတော့မဟုတ်ဘူး။ ဟားခါး၊ ဖလမ်းနဲ့ကန်ပက်လက်မှာ မြေအများကြီးသိမ်းတယ်ဆိုပြီးလုပ်တယ်။ မြို့ပြစီမံကိန်းအတွက်လိုအပ်သလိုဆောင်ရွက်တာဖြစ်တယ်။ မြေမဲ့ယာမဲ့ဖြစ်သူတွေ၊ အိမ်ငှားဖြစ်သူတွေအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်ပိုင်ခွင့်အရ ချပေးနိုင်အောင်ဆောင်ရွက်နေတာဖြစ်တယ်။ မြေပိုင်ရှင်တွေနဲ့လည်း ကျေကျေလည်လည်ဖြစ်အောင်လုပ်တယ်။ ညှိနှိုင်းမှုယူထားတာဖြစ်တယ်။ အစိုးရကလုပ်မယ့်ဟာကို အကုန်လုံးကန့်ကွက်နေကြတာ။ အဲတော့ကျွန်တော်တို့ ဘယ်လိုလုပ်ရှေ့ဆက်တိုးနိုင်မလဲ။ ဒီအတိုင်းဆိုရင် ကျွန်တော်တို့က တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ အနိမ့်ဆုံးကိုအမြဲရောက်မှာ” ဟုပြောသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့က ချင်းပြည်နယ်အတွင်း ပြည်နယ်အစိုးရမှ မြေဧကပေါင်း တစ်သောင်းကျော်၊ ဟားခါးမြို့နယ်တွင် မြေဧက ၂၇၀၀ ကျော်၊ ဖလမ်းမြို့နယ်တွင် ဧက ၈၀၀၀ ကျော်နှင့် ကန်ပက်လက်မြို့နယ်တွင် ဧက ၈၀၀ ကျော်ဥပဒေနှင့်မညီ သိမ်းဆည်းကြောင်း ရန်ကုန်မြို့၌ လွှတ်တော်ပြင်ပအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ အတွင်းရေးမှုး ဦးကြည်လွင်၊ ဟားခါးမြို့နယ် မြေသိမ်းခံပြည်သူများဖက်မှ ကိုယ်စားလှယ် ဦးဟာရန်ကီးလ်၊ ကန်ပက်လက်မြို့နယ် မြေသိမ်းခံပြည်သူများဖက်မှ ကိုယ်စားလှယ် ဦးဂျိုးဇက်၊ ဖလမ်းမြို့နယ် မြေသိမ်းခံပြည်သူများဖက်မှ ကိုယ်စားလှယ် ဦးထာနေကျဲအိုနဲ့ ဦးဗန်လျန်ရိန်တို့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

သတင်းစာရှင်းလင်းပွဲပြုလုပ်သူများမှ အဆိုပါအရေးသွားဆိုဖို့အတွက် နိုင်ငံတော်သမ္မတနှင့်လည်းတွေ့ဆုံခွင့်တောင်းဆိုထားသည်။

စည်ပင်ဝန်ကြီးဦးစိုးထက်က “မြို့ပြအဖြစ်ကိုမလိုချင်ပဲနဲ့ ဘိုးဘွားပိုင်နယ်မြေဆိုပြီး ဆုပ်ကိုင်ပြီးတော့ ရောင်းစားချင်တာ၊ လုပ်စားချင်တာဖြစ်နေတယ်။ မတရားသိမ်းတာလည်းမဟုတ်ဘူး။ ဥပဒေအရ စနစ်တကျအဖွဲ့တွေဖွဲ့ပြီး စီမံခန့်ခွဲနေတာဖြစ်တယ်” ဟုပြောသည်။

ချင်းပြည်နယ်စည်ပင်ဝန်ကြီးဦးစိုးထက်က ဟားခါးမြို့တွင် ဖော်ထုတ်ခဲ့သည့် မြို့ပြစီမံကိန်း ဧကတစ်ရာအတွင်း အိမ်ထောင်စု ၂၀၀ ဝန်းကျင်ကိုလည်း နေရာချထားပြီးဖြစ်ကြောင်း၊ ဟားခါးကျောဘုတ်ရပ်ကွက်တွင်လည်း ဧက ၆၇၆ ဧကတိုင်းတာပြီးဖြစ်ကြောင်း၊ ဖလမ်းမြို့တွင် ဧက ၈၂၂၇ ဧကဖော်ထုတ်ထားသည်ဟုပြောသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...