မောင်တောမြို့နယ်၊အင်းဒင်ကျေးရွာမှ ကျွဲများ အခိုးခံရ

မောင်တောမြို့နယ်၊အင်းဒင်ကျေးရွာမှ ကျွဲများ အခိုးခံရ

မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာမှ ကျွဲ (၈) ကောင် နိုဝင်ဘာလ ၂၂ ရက်နေ့က ပျောက်ဆုံးသွားကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုးက ပြောသည်။

 အင်းဒင်ကျေးရွာမှ ဦးခြင်္သေ့အောင်၏ ကျွဲခြံမှ ကျွဲအားလုံးကို ခိုးယူသွားပြီး နံနက်တွင် ပိုင်းလိုက်ရှာစဉ် ချောင်းကမ်းအနီးတွင် ကျွဲငယ်များသာတွေရပြီး  ကျွဲ (၈) ကောင်ပျောက်ဆုံးသွားသည်ဟု ၎င်းကပြောသည်။

“အခု ကျွန်တော့်မှာ ပျောက်သွားတဲ့ ကျွဲတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှင်မဖြူကျွန်းက BGB စခန်းမှာ ဖမ်းဆီးထားကြောင်း သတင်းရပါတယ်"ဟု ကျွဲပိုင်ရှင် ဦးခြသေ့င်္အောင်ကဆိုသည်။

လက်ရှိတွင် ကျွဲပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး မောင်တော POE စခန်းမှ တာဝန်ရှိသူများထံ အကြောင်းကြားထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ BGB တာဝန်ရှိသူများနှင့်လည်း ဆက်သွယ် ဆောင်ရွက်နေကြောင်း သိရသည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...