မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာမှ ကျွဲ (၈) ကောင် နိုဝင်ဘာလ ၂၂ ရက်နေ့က ပျောက်ဆုံးသွားကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုးက ပြောသည်။
အင်းဒင်ကျေးရွာမှ ဦးခြင်္သေ့အောင်၏ ကျွဲခြံမှ ကျွဲအားလုံးကို ခိုးယူသွားပြီး နံနက်တွင် ပိုင်းလိုက်ရှာစဉ် ချောင်းကမ်းအနီးတွင် ကျွဲငယ်များသာတွေရပြီး ကျွဲ (၈) ကောင်ပျောက်ဆုံးသွားသည်ဟု ၎င်းကပြောသည်။
“အခု ကျွန်တော့်မှာ ပျောက်သွားတဲ့ ကျွဲတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှင်မဖြူကျွန်းက BGB စခန်းမှာ ဖမ်းဆီးထားကြောင်း သတင်းရပါတယ်"ဟု ကျွဲပိုင်ရှင် ဦးခြသေ့င်္အောင်ကဆိုသည်။
လက်ရှိတွင် ကျွဲပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး မောင်တော POE စခန်းမှ တာဝန်ရှိသူများထံ အကြောင်းကြားထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ BGB တာဝန်ရှိသူများနှင့်လည်း ဆက်သွယ် ဆောင်ရွက်နေကြောင်း သိရသည်။







