ဓာတ်ပုံ-ချလူးအောင်/DMG
မောင်တောခရိုင်အတွင်း အဝေးသင်ဌာနခွဲ တတိယအသုတ် အဝေးသင်စားမေးပွဲတွင် နိုဝင်ဘာ(၁၉)ရက်နေ့မှ နိုဝင်ဘာ(၂၉) ရက်နေ့အထိ မောင်တောမြို့ အထက(ခွဲ)ကျောင်းတွင် စစ်ဆေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ (၃၀၀)ကျော် ဝင်ရောက်ဖြေဆိုလျက်ရှိသည်ဟု အဆိုပါ အဝေးသင်ဌာနခွဲက သိရသည်။
တတိယအသုတ် အဝေးသင်စားမေးပွဲအတွက် အနီးကပ်သင်ကြားခြင်းကို ဘူသီးတောင်မြို့တွင် ပါမောက္ခ (၁၃)ဦး နှင့် မောင်တောမြို့တွင် (၈)ဦး ဖြင့် နိုဝင်ဘာ(၅)ရက်နေ့ မှ နိုဝင်ဘာ(၁၄)ရက်နေ့အထိ အနီးသင်တန်း ပို့ချခဲ့သည်။
တတိယအသုတ် အဝေးသင်စားမေးပွဲတွင်ဖြေဆိုေနသည့် ကျောင်းသား/သူ ဦးရေ ဘူသီးတောင်မြို့တွင် (၂၃၆)ဦး ရှိပြီး မောင်တောမြို့တွင် (၇၂)ဦးရှိသည်။
၂၀၁၂ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် အစ္စလမ်ဘာသာဝင် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ပညာဆက်လက်သင်ကြားခွင့် ဆုံးရှုံးနေခဲ့ရပြီး (၅) နှစ်အကြာတွင် ယခုကဲ့သို့ အဝေးသင် တက္ကသိုလ် ဌာနခွဲများကို ဖွင့်လှစ်ပြီး ပညာသင်ကြားခွင့် ရရှိရေးအတွက် စီစဉ်ဆောင်ရွက် ပေးလာခြင်းလည်း ဖြစ်သည်။







