မောင်တောခရိုင်အတွင်း အဝေးသင်ဌာနခွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃၀၀)ကျော် ဝင်ရောက် ဖြေဆို

မောင်တောခရိုင်အတွင်း အဝေးသင်ဌာနခွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃၀၀)ကျော် ဝင်ရောက် ဖြေဆို

 

ဓာတ်ပုံ-ချလူးအောင်/DMG

မောင်တောခရိုင်အတွင်း အဝေးသင်ဌာနခွဲ တတိယအသုတ် အဝေးသင်စားမေးပွဲတွင် နိုဝင်ဘာ(၁၉)ရက်နေ့မှ နိုဝင်ဘာ(၂၉) ရက်နေ့အထိ မောင်တောမြို့ အထက(ခွဲ)ကျောင်းတွင် စစ်ဆေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ (၃၀၀)ကျော် ဝင်ရောက်ဖြေဆိုလျက်ရှိသည်ဟု အဆိုပါ အဝေးသင်ဌာနခွဲက သိရသည်။

တတိယအသုတ် အဝေးသင်စားမေးပွဲအတွက် အနီးကပ်သင်ကြားခြင်းကို  ဘူသီးတောင်မြို့တွင်  ပါမောက္ခ (၁၃)ဦး နှင့် မောင်တောမြို့တွင် (၈)ဦး ဖြင့်  နိုဝင်ဘာ(၅)ရက်နေ့ မှ နိုဝင်ဘာ(၁၄)ရက်နေ့အထိ အနီးသင်တန်း ပို့ချခဲ့သည်။

တတိယအသုတ် အဝေးသင်စားမေးပွဲတွင်ဖြေဆိုေနသည့် ကျောင်းသား/သူ ဦးရေ ဘူသီးတောင်မြို့တွင် (၂၃၆)ဦး ရှိပြီး မောင်တောမြို့တွင် (၇၂)ဦးရှိသည်။

၂၀၁၂ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် အစ္စလမ်ဘာသာဝင် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ပညာဆက်လက်သင်ကြားခွင့် ဆုံးရှုံးနေခဲ့ရပြီး (၅) နှစ်အကြာတွင် ယခုကဲ့သို့  အဝေးသင် တက္ကသိုလ် ဌာနခွဲများကို ဖွင့်လှစ်ပြီး ပညာသင်ကြားခွင့် ရရှိရေးအတွက် စီစဉ်ဆောင်ရွက် ပေးလာခြင်းလည်း ဖြစ်သည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...