၂၀၁၅ သဘာဝဘေးသင့်ပြည်သူများအတွက် လှူဒါန်းခဲ့သည့် ကူညီထောက်ပံ့ပစ္စည်းနှင့် ရံပုံငွေများအား လိုအပ်နေသေးသည့်နေရာများတွင် အသုံးပြုပေးရန် ဟားခါးသာရ်အမျိုးသမီးအဖွဲ့မှ တောင်းဆို

၂၀၁၅ သဘာဝဘေးသင့်ပြည်သူများအတွက် လှူဒါန်းခဲ့သည့် ကူညီထောက်ပံ့ပစ္စည်းနှင့် ရံပုံငွေများအား လိုအပ်နေသေးသည့်နေရာများတွင် အသုံးပြုပေးရန် ဟားခါးသာရ်အမျိုးသမီးအဖွဲ့မှ တောင်းဆို

၂၀၁၅ သဘာဝဘေးသင့်ပြည်သူများအတွက် ကျန်ရှိနေသေးသည့် ကူညီထောက်ပံ့ပစ္စည်းနှင့် ရံပုံငွေများအား အစိုးရအနေဖြင့် လိုအပ်နေသေးသည့်နေရာများတွင် အသုံးပြုပေးရန် သဘာဝဘေးကြောင့် ရွှေ့ပြောင်းခဲ့ရသည့် ဟားခါးမြို့ ဟားခါးသာရ်ရပ်ကွက် ဟားခါးသာရ်အမျိုးသမီးအဖွဲ့မှ သဘောထားထုတ်ပြန်ချက် တစ်စောင်ကို ၂၀၁၈ နိုဝင်ဘာ ၁၇ရက်နေ့က ထုတ်ပြန်ခဲ့သည်။

“ထုတ်ပြန်ရတဲ့ အဓိကအချက်ကတော့ ကျွန်မတို့ရပိုင်ခွင့်ဖြစ်တဲ့ သဘာဝဘေးကူညီရေး ပစ္စည်းနှင့် ရံပုံငွေတွေက ငွေသားအနေနှင့်လည်း သိန်းခြောက်ထောင် ကျန်နေသေးတယ်လို့ သိရတယ်၊ အစိုးရကတော့ နောက်တစ်ခါ သဘာဝဘေးဖြစ်ခဲ့ရင် အသုံးပြုဖို့ဆိုတော့ပြောတယ်၊ ဒါပေမဲ့ ကူညီထောက်ပံ့ကြတဲ့ရည်ရွယ်ချက်က အခုလက်ရှိဖြစ်စဉ်အတွက် သုံးဖို့အတွက်ဖြစ် တယ်၊ ခုလက်ရှိနေရာသစ်မှာက အဆင်ပြေမှုလည်းမရှိသေးဘူး၊ လမ်းတွေလည်းခင်းဖို့လိုတယ်၊ လမ်းက သေချာမခင်းထားတော့ မိုးရာသီမှာဆိုရင် သွားရလာရတာအဆင်မပြေဘူး၊ ရေလည်းသေချာမရသေးဘူး၊ အဲဒါကြောင့် ကျန်ရှိနေတဲ့ရံပုံငွေတွေကို ဒီတိုင်းမထားဘဲ လက်ရှိလိုအပ်နေသေးတဲ့ နေရာတွေမှာသုံးစေချင်တယ်”ဟု ဟားခါးသာရ်ရပ်ကွက် အမျိုးသမီး အဖွဲ့မှ ဒေါ်ဖန်ဗာန်မှပြောသည်။

ထုတ်ပြန်ချက်ထဲတွင် လက်ရှိကျန်ရှိနေသေးသော သဘာဝဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေ သိန်း(၆၀၀၀)အား ချင်းပြည်နယ်ထွေအုပ် (GAD)မှ စီမံခန့်ခွဲမှုအပေါ် ပွင့်လင်းမြင် သာမှုရှိစေရန်နှင့် ဟားခါးသာရ်လမ်းပြုပြင်ရေးအတွက် အသုံးပြုရန် စသည့်အချက်လည်းပါဝင်သည်။

ထို့ပြင် ဒေါ်ဖန်ဗာန်မှ “ကျွန်မတို့စပြောင်းတုန်းကတည်းက အစားအသောက်ပိုင်းလည်းအဆင်မပြေခဲ့ဘူး၊ ဒါပေမဲ့ အဲဒီပစ္စည်းတွေ သက်တမ်းကုန်ပြီး ဖျက်စီးလိုက်ရတယ်လို့ သိရတော့ ကျွန်မတို့အနေနဲ့ တော်တော်စိတ်မကောင်းဘူး၊ ကျန်ရှိနေတဲ့ ပစ္စည်းနှင့် ရန်ပုံငွေတွေကိုတော့ လိုအပ်နေတဲ့နေရာတွေမှာ အမြန်အသုံးပြုစေချင်လို့ ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်ရတာပါ”ဟု ဖြည့်စွက်ပြောသည်။

အဆိုပါထုတ်ပြန်ချက်ထဲတွင် ၂၀၁၅ခုနှစ် သဘာဝဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ပေးထားသော ထောက်ပံ့ပစ္စည်းများ၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ နှင့် ငွေကြေးများအား ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်မှ တာဝန်ယူခြင်း စီမံခန့်ခွဲဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့် အကြောင်းရင်းကို ပြည်သူထူထုထံ ပွင့်လင်း မြင်သာစွာ ထုတ်ပြန်ပေးရန်၊ လက်ရှိ ကျန်ရှိနေသေးသော ဆန်၊ အစားအစာများနှင့် ပစ္စည်းများကို ဒီတ်မလွန်ခင် စားခါးသာရ်ရှိ မရှိဆင်းရဲသားများနှင့် အခြားမြို့နယ်များသို့လည်း မျှဝေပေးရန် စသည်တို့ပါဝင်သည်။

၂၀၁၅ခုနှစ်တွင်ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးကြောင့် ပြောင်းရွှေ့ခဲ့ရသည့် ဟားခါသာရ်ရပ်ကွက်တွင် အိမ်ခြေ၁၀၀၀ကျော်ရှိပြီး မိုးရာသီတွင်လမ်းမကောင်းခြင်း၊ ရေအလုံအလောက်မရရှိခြင်း၊ မြို့နှင့်အနည်းငယ်လှမ်းသဖြင့် အလုပ်အကိုင်ရှားပါးခြင်း စသည့်အခက်အခဲများ ကြုံတွေ့နေရဆဲဖြစ်ကြောင်း သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...