ဒုက္ခသည်များ Notification Interviews တွင် ရွေးချယ်မှုမှန်ကန်ဖို့အရေးကြီးကြောင်း CRC ဥက္ကဌပြော

ဒုက္ခသည်များ Notification Interviews တွင် ရွေးချယ်မှုမှန်ကန်ဖို့အရေးကြီးကြောင်း CRC ဥက္ကဌပြော

အိန္ဒိယရောက် ချင်းဒုက္ခသည်များအနေဖြင့် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ပေးထားသော ရွေးချယ်စရာ နည်းလမ်း (၂) ခုကို ရွေးချယ်ရမည့် Notification Interviews ကို ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ပြုလုပ်မှာဖြစ်ပြီး အဆိုပါ အင်တာဗျူးတွင် ရွေးချယ်မှု မှန်ကန်ဖို့အရေးကြီးကြောင်း Chin Refugee Committee ဥက္ကဌ Remmawi က ပြောသည်။

“ဒီဇင်ဘာလ (၁၁) ရက်နေ့မှာ Notification အင်တာဗျူးခေါ်တယ်၊ နည်းလမ်း (၂) ခုကနေ တစ်ခုခု ရွေးချယ်ရမယ့် အင်တာဗျူး ဖြစ်တယ်။ ဒီနည်းလမ်း (၂) ခုမှာ ရွေးချယ်မှုမှန်ကန်ဖို့ သိပ်အရေးကြီးတယ်’’ ဟု ပြောသည်။ အဆိုပါ ရွေးချယ်စရာနည်းလမ်း (၂) ခုအနက် ဘယ်နည်းလမ်းကို ရွေးချယ်သင့်သည်ဆိုသည့်ကိစ္စနဲ့ပတ်သက်ပြီး ယခုလ နိုဝင်ဘာအတွင်း Meeting တွေ ပြုလုပ်ပြီး ဆုံးဖြတ်သွားဖွယ်ရှိကြောင်း ယခုလို ဆက်ပြောပါသည်။

“ဒီနည်းလမ်း (၂) ခု ကနေ ဘယ်နည်းလမ်းကိုရွေးမယ်ဆိုတဲ့ကိစ္စအပေါ်မှာတော့ Meeting တွေ၊ Public Meeting တွေ လုပ်ဆောင်သွားဖို့ရှိတယ် ဒီလအတွင်းမှာပေါ့။ လောလောဆယ် ခေါင်းဆောင်များအနေနဲ့တော့ ရေးဆွဲထားတဲ့အစီအစဉ် တော့ရှိပါတယ် ဒါပေမယ့် အဲဒါတော့ ပြောပြလို့မရသေးဘူး။ အဲဒါကြောင့် Public Meeting တွေလုပ်ပြီး တရာဝင်ကြေညာချက် ထုတ်ပြန်တာတွေ မရှိသေးတဲ့အတွက် ထုတ်ဖော်မပြောဆိုနိုင်ရခြင်း ဖြစ်တယ်” ဟုသူက ပြောသည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး နယူဒေလီမြို့ရှိ Chin Human Right Organization ရုံးတာဝန်ခံ Cung Dawt ကလည်း သူ၏ သဘောထားကို ယခုလို ပြောပါသည်။

“စက်တင်ဘာလမှာ အင်တာဗျူးလုပ်ဖို့ ဆုံးဖြတ်ထားတဲ့ဟာကို ဒီဇင်ဘာလမှာလုပ်ဖို့ ရွေ့ဆိုင်းလိုက်တယ်၊ ကျနော်တို့အနေနဲ့ လည်း တစ်လနှစ်လအတွင်းမှာ မြန်မာပြည်အခြေအနေဟာ ပြောင်းလဲလာမှာမဟုတ်ဘူးဆိုတော့ ဒီဇင်ဘာလမှာ ဘယ်လိုများ ဆက်လုပ်မလဲဆိုတာကို ကျနော်တို့ မေးခွန်းထုတ်ခဲ့တယ်။ အဲဒီချိန်မှာ သူတို့ပြောတာက မြန်မာပြည်ကိုသွားပြီး go and see visit သွားလုပ်မယ်။ အခြေအနေအားလုံးသုံးသပ်မယ်၊ ပြန်ကြည့်မယ် အဲဒီနောက်ပိုင်းမှာ အကြောင်းပြန်ကြားမယ်လို့ သူတို့ ပြောခဲ့ တယ်။ ဒါပေမယ် နှစ်ပတ် အကြာမှာ UN လူကြီးတွေနဲ့ ပြန်တွေ့တဲ့အခါ သူတို့ စကားပြန်ပြောင်းခဲ့တယ်။ Go and See Visit လုပ်မယ် ဆိုတာဟာ ကျနော်တို့ ဆုံးဖြတ်ချက်ကိုပြင်ဖို့အတွက် လုပ်တာမဟုတ်ဘူး၊ Option 2 ရွေးတဲ့လူတွေအတွက် လုံလုံခြုံခြုံနဲ့ စိတ်ချလက်ချ ပြန်နိုင်အောင် အခြေအနေကို သုံးသပ်ဖို့ သွားမှာဖြစ်တယ်။ တကယ်လို့ Option 2 ရွေးတဲ့လူတွေ အတွက် ကျနော်တို့ Go and See Visit မှာ တွေ့သမျှအကုန်လုံးကို အသိပြန်ပေးမယ်ဆိုပြီး အဲလို စကားပြန်ပြောင်းလိုက်တာဖြစ်တယ်’’ ဟု ပြောသည်။

ချင်းပြည်ကို Go and See Visit သွားမယ့်ကိစ္စကို စက်တင်ဘာလ ပထမအပတ်မှာသွားဖို့ စီစဉ်ခဲ့ကြသော်လည်း ယခုအချိန်အထိ မသွားဖြစ်ကြောင်း သိရပြီး ဘယ်တောသွားမည်ကိုလည်း သေချာပြောလို့မရသေးကြောင်း ဆက်ပြောပါသည်။

UNHCR ၏ ထုတ်ပြန်ချက်တွင် ဒုက္ခသည်များအနေဖြင့် ရွေးချယ်စရာ နည်းလမ်း (၂) ခုရှိပြီး ပထမတစ်ခုမှာ လက်ရှိ ကိုင်ဆောင် ထားသော UN Register Card ကို ၂၀၁၉ ဒီဇင်ဘာလ (၃၁) အထိ ကိုင်ဆောင်ခွင့်ပေးမှာဖြစ်ပြီး ၂၀၂၀ ဇန်နဝါရီလ (၁) ရက်နေ့ တွင် အဆိုပါ Card သည် အလိုအလျောက် ရပ်ဆိုင်းခံရမည်ဖြစ်သည်။

ဒုတိယတစ်ချက်မှာ နိုင်ငံတကာ၏ အကာကွယ်ပေးမှု ဆက်လက်လိုအပ်သေးသည်ဟု မိမိကိုယ့်ကိုယူဆလျင် UNHCR နှင့် တွေ့ဆုံ မေးမြန်းခြင်း ခံယူရမည်ဖြစ်ပြီး နှစ်လအတွင်း အကြောင်းပြန်ကြားမည်ဖြစ်သည်။

ယင်းအကြောင်းပြန်ကြားချက်အပေါ်မူတည်ပြီး ယခုလက်ရှိနေထိုင်သည့်နိုင်ငံတွင် ဆက်နေဖို့ဖြစ်စေ၊ တတိယနိုင်ငံကို ထွက်ခွါဖို့ဖြစ်စေ၊ မြန်မာနိုင်ငံကို ပြန်ဖို့ဖြစ်စေ ဆုံးဖြတ်သွားရမည်ဖြစ်သည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...