မြေလွတ် မြေလပ်ဥပဒေကြောင့် နောင်ပြသနာမဖြစ်အောင် ယခုကတည်းက လိုအပ်ရင် ပြင်ဆင်သင့်ဟု တီးတိန်အမျိုးသားလွှတ်တော်အမတ်ဆို

မြေလွတ် မြေလပ်ဥပဒေကြောင့် နောင်ပြသနာမဖြစ်အောင် ယခုကတည်းက လိုအပ်ရင် ပြင်ဆင်သင့်ဟု တီးတိန်အမျိုးသားလွှတ်တော်အမတ်ဆို

မြေလွတ် မြေလပ် မြေရိုင်း စီမံခန့်ခွဲသည့် ဥပဒေကြောင့် နောင်ပြသနာမဖြစ်အောင် ယခုကတည်းက လိုအပ်ရင် ပြင်ဆင်သင့်သည်ဟု တီးတိန်အမျိုးသားလွှတ်တော်အမတ် ဦးကျင်ခန်ပေါင်မှပြောသည်။

တီးတိန်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးကျင်ခန်ပေါင်မှ “ဘိုးဘွားပိုင်မြေတွေကို ကာကွယ်ဖို့ အဆိုတင်သွင်းခဲ့တာရှိတယ်၊ ဒါပေမယ့်အသိအမှတ်မပြုရသေးဘူး၊ ဘိုးဘွားပိုင်မြေက အသိအမှတ်မပြုလို့မဖြစ်ဘူး၊ ကျွန်တော်တို့ချင်းပြည်နယ်မှာက ကိုယ့်မြေနဲ့ကိုယ် ထိန်းသိမ်းရတာဘဲလေ၊ ကျွန်တော်ကတော့ ဒီဥပဒေကြာင့် ဘိုးဘွားပိုင်မြေကို မထိဖို့ဘဲ ကျွန်တော်လိုချင်တယ်၊ မြေလွတ်မြေလပ် ဥပဒေကြောင့် နောင်ပြသနာမဖြစ်အောင် အစကတည်းက လိုအပ်ရင်ပြင်ဆင်ရမှာဘဲ” ဟု ပြောသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေး ဥပဒေ ကို ၂၀၁၂ ခုနှစ်က ပြဌာန်းခဲ့တာ ဖြစ်ပြီး ပြန်လည်ပြင်ဆင်တဲ့ ဥပဒေကို ၂၀၁၈ခုနှစ် စက်တင်ဘာလ (၁၁)ရက်က ထုတ်ပြန်ခဲ့ပြီး ထိုထုတ်ပြန်ချက်အရ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေကို အသုံးပြုနေသည့် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပြင်ဆင်ချက်ဥပဒေ ထုတ်ပြန်ပြီး (၆)လအတွင်း သက်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီကို လျောက်ထားဖို့နဲ့ မလျောက်ထားရင် ဥပဒေအရ အရေးယူမယ်လို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေး ဗဟိုကော်မတီက နိုဝင်ဘာလ (၂)ရက် နေ့စွဲနဲ့ အသိပေးစာ ထုတ်ပြန်ခဲ့ပြီး အရပ်ဘက်အဖွဲ့အစည်းနှင့် တိုင်းရင်းသားအဖွဲ့အစည်းများမှ ဝိုင်းဝန်းဝေဖန်ခဲ့သည်။

အဆိုပါကိစ္စနှင့်ပါတ်သတ်ပြီး မင်းတပ်မြို့မှ လူငယ်တက်ကြွလှုပ်ရှားသူ ဆလိုင်းမာန်ဟုန်းမှ “လက်ရှိနိုင်ငံရေးဖြစ်စဉ်အရ ဖက်ဒရယ်သွားဖို့းဆွေးနွေးနေတဲ့ကာလမှာ ဒီလိုမျိုးမူဝါဒတွေကတော့ အစိုးရအနေနဲ့ မထုတ်ပြန်သင့်ဘူးလို့ ကျွန်တော်မြင်တယ်၊ သူတို့ကတော့ တစ်နိုင်ငံလုံး ကျင့်သုံးရမယ့်အနေနဲ့ မူဝါဒတွေ မြေယာနဲ့ ပတ်သတ်ပြီး ထုတ်ပြန်တယ်၊ ဒါပေမယ့် တိုင်းရင်းသား ဒေသတွေမှာတော့ ဘိုးဘွားဓလေ့ထုံးတမ်းအရ ကျင့်သုံးခဲ့တဲ့ မြေယာစီမံခန့်ခွဲမှုတွေနှင့် ပိုင်ဆိုင်ပုံတွေမတူဘူး၊ အခုအစိုးရထုတ်ပြန်တဲ့ ပုံစံအရ တိုင်းရင်းသားဒေသတွေမှာ မူလအခွင့်အရေးတွေ ဆုံးရှုံးရမယ့်ဟာ ဖြစ်နေတယ်၊ တစ်ကယ်လို့သူတို့ ဆက်လုပ်မယ်ဆိုရင် ချင်းပြည်နယ်မှာဆိုရင် ပြသနာဖြစ်လာဖို့များတယ်၊ လုံးဝမလုပ်သင့်ဘူးလို့ ကျွန်တော်ပြောချင်တယ်၊ မြေယာကိစ္စက ချင်းပြည်နယ်ဆိုရင် ပြည်နယ်အတွင်းမှာဘဲ ရေးဆွဲရမယ့် မူဝါဒလို့ကျွန်တော်မြင်တယ်”ဟု ပြောသည်။

အဆိုပါဥပဒေကို ကန့်ကွက်သည့်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Federation Of Ethnic Farmer Network (FEFN)မှ ကိုမာန်ဇခုပ်က “ကျွန်တော်တို့ တိုင်းရင်းသားတွေက ဒီဥပဒေကို ရေးဆွဲတုန်းကလည်း ကန့်ကွက်တယ်၊ ပြင်ဆင်တုန်းကလည်း ကန့်ကွက်တယ်၊ အဲဒါတွေကိုအစိုးရက ဥပက္ခာပြုပြီးမှ ဒီလိုမျိုးပြဌာန်းကြေငြာချက်တွေထုတ်တယ်၊ အဲဒါတွေကို တိုင်းရင်းသားအားလုံးက သဘောမတူသည့်အပြင် လုံးဝကန့်ကွက်တယ်ဆိုတဲ့ဟာကို အစိုးရနှင့် လွှတ်တော်သိဖို့ ထုတ်ပြန်တာပါ၊ ခုဥပဒေအရ ခြောက်လပြီးသွားလို့ရှိရင် ဌာနဆိုင်ရာမှတ်ပုံမတင်တဲ့ မြေအားလုံးက မြေလွတ် မြေလပ် ဖြစ်သွားမယ်၊ ချင်းပြည်နယ်မှာက အစိုးရခွင့်ပြုချက်နှင့် တောင်ယာနှင့် လယ်ယာလုပ်ကိုင်တာတွေမရှိဘူး၊ အဲဒါကြောင့် ချင်းပြည်နယ်မြေနေရာ အားလုံးလိုလိုက နိုင်ငံခြားရင်နှင်းမြုပ်နှံမှုလက်ထဲရောက်သွားနိုင်တယ်” ဟု ပြောသည်။

FEFN ၏ ထုတ်ပြန်ချက်ထဲတွင် မိမိတို့တိုင်းရင်းသားများတို့၏သမိုင်း၊ အမျိုးသားရေး၊ နိုင်ငံရေးတို့သည် မြေယာနှင့်ခွဲထား၍ မရပါသဖြင့် တိုင်းရင်းသားများလိုလားသော အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအာမခံသည့် ဖက်ဒရယ် ပြည်ထောင်စုစနစ်အောက်တွင်သာ မြေယာဥပဒေများပေါ်ပေါက်ရန်လိုလားကြောင်း၊ မိမိတို့တိုင်းရင်းသားဒေသများတွင် မြေလွတ်မြေလပ်နှင့်မြေရိုင်းများလုံးဝမရှိပါ၊ လက်ရှိ မြေလွတ် မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကိုဖျက်သိမ်းပေးရန်နှင့် ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်နေ့၊ မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ စာအမှတ် ၁၂/မလရ-၁ (၃၇၀/၂၀၁၈)အရ ထုတ်ပြန်သောအသိပေးအကြောင်းကြားစာသည် တိုင်းရင်းသားဒေသများရှိမြေယာများကို တရားဝင် သိမ်းပိုက်ရန်လုပ်ဆောင်နေခြင်းဖြစ်သည့်အတွက် ပြင်းထန်စွာကန့်ကွက်ရှုံ့ချကြောင်း စသည်တို့ပါဝင်သည်။

ချင်းဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးငိုင်ဆာခ့်မှ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံ

ခန့်ခွဲရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေ(၂၀၁၈ခုနှစ်) ပုဒ်မ ၃၀-က တွင် ဒေသခံတိုင်းရင်းသားများ၏ ရုံးရာယဉ်ကျေးမှုဓလေ့တမ်းစဉ်လာအရသတ်မှတ်မြေများသည် ဤဥပဒေနှင့် မသက်ဆိုင်စေရဟု ပါသဖြင့် အဆိုပါပြဌာန်းချက်ကို အလေးဂရုပြုလိုက်နာ၍ အဆိုပါပြဌာန်းချက်ကို အလေးဂရုပြုလိုက်နာ၍

ဒေသခံချင်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာအရ

ပိုင်ဆိုင်မြေများကို ထိပါးခြင်းမပြုပဲ အကာအကွယ်ပေးပါရန် အလေးအနက်အကြံပြုကြောင်း ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

မြေလွတ် မြေလပ် မြေရိုင်း စီမံခန့်ခွဲရေးဥပဒေထွက်ပေါ်လာတာနှင့် ပါတ်သတ်ပြီး ကန်ပက်လက်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဒေါ်ခင်ဆွေလွင်မှ “လောလောဆယ်တော့ ကျွန်မအနေနဲ့တော့ ဒီဟာကပြည်ထောင်စုမှာ ဥပဒေအရလုပ်တာဆိုတော့ လောလောဆယ်တော့ ဘာမှတ်ချက်မှ မပေးလိုပါဘူး၊ လူတစ်ဦးတစ်ယောက်နဲ့တော့ ဘာမှလည်းလုပ်လို့မရဘူးဆိုတော့ ကျွန်မတို့အနေနဲ့ ဒီနေရာမှာ ဘာမှ မပြောလိုပါဘူး၊ ဒါပေမယ့် ကျွန်မတို့ပြည်နယ်အတွင်းမှာဆိုရင် ဥပဒေဆိုတာက ဥပဒေအရအကျုံးဝင်တယ် ဆိုသော်လည်းဘဲ ကျွန်မတို့ပိုင်ဆိုင်တဲ့နေရာတွေကတော့ ဘိုးဘွားတွေပိုင်ဆိုင်နေတာဘဲလေ”ဟု ပြောသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...