ကလေးမြို့နယ် အမှိုက်စွန့်ပစ်မည့်နေရာအတွက် မြေနေရာသစ်ရှာဖွေ

ကလေးမြို့နယ် အမှိုက်စွန့်ပစ်မည့်နေရာအတွက် မြေနေရာသစ်ရှာဖွေ

ကလေးမြို့နယ်အတွက် အမှိုက်များကို စနစ်တကျစွန့်ပစ်နိုင်မည့် မြေနေရာအသစ်ကို ကလေးမြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ရှာဖွေနေသည်ဟု သိရသည်။

ယခုလက်ရှိ ကလေးမြို့၏ အမှိုက်စွန့်ပစ်သည့်နေရာသည် မြေလွတ်နေရာကျဉ်းမြောင်းလာသည့်အတွက် အမှိုက်များကို စနစ်တကျစွန့်ပစ်နိုင်မည့် မြေနေရာအသစ်ကို ရှာဖွေလျက်ရှိပြီး နိုဝင်ဘာလ (၁၃) ရက်နေ့က ကလေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်နှင့် ကလေးမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ ကွင်းဆင်းလေ့လာခဲ့ကြသည်ဟု ဒေါ်သန့်ဝေကျော်က ပြောသည်။

“တခြားနေရာဆို ကျွန်မတို့ကတော့ ဒါက တပ်စွန့်မြေထဲကနေပြီးတော့ မြေလွတ်မြေလပ်တွေများ ရနိုင်တယ်ဆိုလို့ရှိရင်တော့ မြို့နှင့်လည်း နည်းနည်းလှမ်းမယ့်နေရာကို အတတ်နိုင်ဆုံး စိတ်ကူးပြီးတော့ တိုင်ပင်တာတော့ရှိတယ် ဒါပေမယ့် ဒီကားတွေက အသွားအပြန် အရမ်းဝေးလွန်းတဲ့ နေရာလည်းမဖြစ်ဘူး မြို့နဲ့လည်း သိပ်နီးလို့လည်း မဖြစ်ဘူး နေရာကိုတော့ ဒီထက်ပိုပြီးတော့ အဆင်ပြေမယ့်နေရာမျိုး အဓိကတော့ အစိုးရစီမံခန့်ခွဲမှုအောက်မှာ ရှိတဲ့မြေထဲကနေပြီးတော့ ကျွန်မတို့ တိုင်ပင်ပြီးတော့ ဧကတော်တော်များများ ရနိုင်မလားဆိုပြီးတော့ တိုင်ပင်ဆွေးနွေးထားတာတော့ ရှိပါတယ်” ဟု ဒေါ်သန့်ဝေကျော်ကပြောသည်။

ကလေးမြို့နယ်မှ အမှိုက်များသည် တစ်နေ့လျှင် ကားအစီးရေ (၃၀) ပုံမှန်စွန့်ပစ်နေရပြီး ယင်းကြောင့် တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာနမှ ဘတ်ဂျက်ကို အသုံးပြုပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

“လက်ရှိ အမှိုက်ပစ်တဲ့နေရာနဲ့ ပတ်သက်ပြီးတော့ ဒါ အနီးအနားရွာတွေအတွက်တော့ စိတ်အနှောက်အရှက်ဖြစ်ရတဲ့အကြောင်းတော့ ကျွန်မတို့ဆီကို သတင်းတွေဝင်လာပါတယ် ဒါပေမယ့် လက်ရှိနေရာရွှေ့ပြီးတော့မှ တခြား ဒီထက်ပိုပြီးတော့မှ ဖြစ်သင့်တဲ့နေရာကို ကျွန်မတို့ အတတ်နိုင်ဆုံးကြိုးစားပြီးတော့ ရှာမယ် မတွေ့မချင်းကတော့ ဒီနေရာကို ဆက်ပြီးတော့မှ စည်ပင်က ပစ်ရအုံးမယ့် အနေအထားရှိတယ်ဆိုတဲ့အကြောင်းကိုတော့ ကွင်းဆင်းတဲ့အချိန်မှာ ပြောပြတယ်၊ ဒီထက်ပိုပြီးတော့ လူလည်း ဒုက္ခမပေးနိုင်တဲ့နေရာမျိုးပေါ့ အစိုးရလည်း စီမံခန့်ခွဲပိုင်ခွင့်ရှိပြီးတော့မှ ဧကကျယ်ကျယ်ရနိုင်မယ့်နေရာမျိုးကိုတော့ ကျွန်မတို့အားလုံး ပူးပေါင်းပြီးတော့ ရှာရမှာပါ” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်ကဆက်ပြောသည်။

မြို့နယ်စည်ပင်သာယာရေးကော်မတီအနေဖြင့် တစ်မြို့လုံး၏ စွန့်ပစ်အမှိုက်များကို ပျဉ်းခုံကြီးအုပ်စု ဆည်ကြီးချောင်းအနားတွင် စွန့်ပစ်နေရပြီး ယင်းအမှိုက်ပုံမှထွက်လာသည့် အနံအသက်ဆိုးများကြောင့် အနီးအနားကျေးရွာများမှ ဒေသခံပြည်သူများ ဒုက္ခရောက်နေကြရသည်ဟု သိရသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...