မီဇိုရမ်ပြည်နယ်မြို့နယ်အသီးသီးရှိ ကူညီလိုအပ်နေသောချင်းလူမျိုးများအားကူညီပေး နိုင်ရေးနှင့်မီဇိုရမ်အစိုးရနှင့်NGO များမလိုလားသောလုပ်ငန်းလုပ်ဆောင်သူများကို ထိန်းသိမ်းနိုင်ရန် အတွက်မီဇိုရမ်ပြည်နယ်ရှိမြို့နယ်တိုင်းတွင်Chin Relief Society branches (ရုံးခွဲ) များထားရှိ သွားမည်ဟုဥက္ကဌ Pu K.Thangkhuma ကပြောသည်။
Mizoram Chin Relief Society အနေဖြင့်၎င်းတို့General Body Meeting တွေ့ဆုံပွဲကိုမီဇိုရမ်ပြည်နယ်မြို့တော်အိုက်ဇောလ်ရှိLai House တွင်ပြီးခဲ့သည့်နိုဝင်ဘာလ၁၀ရက်နေ့က ကျင်းပခဲ့ပြီးလုပ်ဆောင်ခဲ့သောလုပ်ငန်းများ နှင့်ရှေ့လုပ်ငန်စဉ်ကိစ္စ များဆွေးနွေးခဲ့ကြသည်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီးChin Relief Society ဥက္ကဌPu K.Thangkuma က“ရှေ့လုပ်ငန်း စဉ်အနေနဲ့မီဇိုရမ်ပြည်နယ်မြို့နယ်တိုင်းမှာ Chin relief branchesထားရှိဖို့ဆုံးဖြတ်ကြတယ်။ လာမယ့်၂၀၁၉နှစ်ဆန်းပိုင်းမှာ စတင်အကောင်ထည်ဖော်ဆောင်ရွက်သွားဖို့ရှိတယ်။ ဒီအဖွဲ့အစည်းဟာဖွဲ့စည်းတည်ထောင်တာမကြာသေးတော့ငွေရေးကြေးများများစားစားမရှိဘူးဒါကြောင့်လုပ်ငန်းကိုမြန်မြန်ဆန်ဆန်ဆောင်ရွက်လို့မရဘူး” ဟုပြောသည်။
Mizoram Chin Relief Society အသင်းသည်လွန်ခဲ့သော၂၀၁၇ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့ တွင်စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီးအဓိကဖွဲ့စည်းတည်ထောင်ရခြင်းမှာမီဇိုရမ်ပြည်နယ်ရှိ ချင်းလူမျိုးများ၏သာရေးနာရေး ကိစ္စများကိုတတ်နိုင်သည့်ဘက်မှကူညီဆောင်ရွက်ခြင်းဖြစ်သည်။
လက်ရှိ Mizoram Chin Relief Society အသင်းတွင်အသင်းဝင်၄၀၀ခန့်ရှိပြီးအသင်းဝင်တစ်ဦး၏ အသင်းဝင်ကြေးအနေဖြင့်တစ်နှစ်ကိုရူပီ၁၀၀စီထည့်ဝင်ကြကြောင်းသိရသည်။







