မီဇိုရမ်မြို့နယ်အသီးသီးတွင် Chin Relief Society branches ထားရှိမည်

မီဇိုရမ်မြို့နယ်အသီးသီးတွင် Chin Relief Society branches ထားရှိမည်

မီဇိုရမ်ပြည်နယ်မြို့နယ်အသီးသီးရှိ ကူညီလိုအပ်နေသောချင်းလူမျိုးများအားကူညီပေး နိုင်ရေးနှင့်မီဇိုရမ်အစိုးရနှင့်NGO များမလိုလားသောလုပ်ငန်းလုပ်ဆောင်သူများကို ထိန်းသိမ်းနိုင်ရန် အတွက်မီဇိုရမ်ပြည်နယ်ရှိမြို့နယ်တိုင်းတွင်Chin Relief Society branches (ရုံးခွဲ) များထားရှိ သွားမည်ဟုဥက္ကဌ Pu K.Thangkhuma ကပြောသည်။

Mizoram Chin Relief Society အနေဖြင့်၎င်းတို့General Body Meeting တွေ့ဆုံပွဲကိုမီဇိုရမ်ပြည်နယ်မြို့တော်အိုက်ဇောလ်ရှိLai House တွင်ပြီးခဲ့သည့်နိုဝင်ဘာလ၁၀ရက်နေ့က ကျင်းပခဲ့ပြီးလုပ်ဆောင်ခဲ့သောလုပ်ငန်းများ နှင့်ရှေ့လုပ်ငန်စဉ်ကိစ္စ များဆွေးနွေးခဲ့ကြသည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီးChin Relief Society ဥက္ကဌPu K.Thangkuma က“ရှေ့လုပ်ငန်း စဉ်အနေနဲ့မီဇိုရမ်ပြည်နယ်မြို့နယ်တိုင်းမှာ Chin relief branchesထားရှိဖို့ဆုံးဖြတ်ကြတယ်။ လာမယ့်၂၀၁၉နှစ်ဆန်းပိုင်းမှာ စတင်အကောင်ထည်ဖော်ဆောင်ရွက်သွားဖို့ရှိတယ်။ ဒီအဖွဲ့အစည်းဟာဖွဲ့စည်းတည်ထောင်တာမကြာသေးတော့ငွေရေးကြေးများများစားစားမရှိဘူးဒါကြောင့်လုပ်ငန်းကိုမြန်မြန်ဆန်ဆန်ဆောင်ရွက်လို့မရဘူး” ဟုပြောသည်။

Mizoram Chin Relief Society အသင်းသည်လွန်ခဲ့သော၂၀၁၇ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့ တွင်စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီးအဓိကဖွဲ့စည်းတည်ထောင်ရခြင်းမှာမီဇိုရမ်ပြည်နယ်ရှိ ချင်းလူမျိုးများ၏သာရေးနာရေး ကိစ္စများကိုတတ်နိုင်သည့်ဘက်မှကူညီဆောင်ရွက်ခြင်းဖြစ်သည်။

လက်ရှိ Mizoram Chin Relief Society အသင်းတွင်အသင်းဝင်၄၀၀ခန့်ရှိပြီးအသင်းဝင်တစ်ဦး၏ အသင်းဝင်ကြေးအနေဖြင့်တစ်နှစ်ကိုရူပီ၁၀၀စီထည့်ဝင်ကြကြောင်းသိရသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...