NLD ရှုံးနိမ့်မှုသည် လူထုစည်းရုံးရေး စွမ်းဆောင်မှုပိုင်း လိုအပ်ချက်ရှိနေခြင်းကြောင့်ဟုဆို

NLD ရှုံးနိမ့်မှုသည် လူထုစည်းရုံးရေး စွမ်းဆောင်မှုပိုင်း လိုအပ်ချက်ရှိနေခြင်းကြောင့်ဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရှုံးနိမ့်ရခြင်းသည် မဲဆန္ဒရှင် ပြည်သူလူထုများ စည်းရုံးရေးစွမ်းဆောင်မှုပိုင်းတွင် လိုအပ်ချက်များရှိနေခြင်းကြောင့်ဖြစ်သည်ဟု စစ်ကိုင်းတိုင်းဒေသကြီး အမှတ် (၈) မဲဆန္ဒနယ် အမျိူးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင် ကပြောသည်။

“တမူးမြို့နယ်မှာ မဲပေးနိုင်သူ လူဦးရေ သုံးသောင်းကျော်ရှိတယ် သုံးသောင်းကျော်မှာ တစ်ဝက်နီးပါးလောက်ပဲ လာပေးတယ်၊ အဲဒါဆိုတော့ မဲပေးခွင့်ရှိ ပုဂ္ဂိုလ်တွေအားလုံး မဲပေးခွင့်ရရှိအောင်၊ မဲပေးချင်စိတ်အားလုံးရှိလာအောင်၊ မဲရုံတွေကို ရောက်လာအောင် ဆွဲဆောင်နိုင်တဲ့လိုအပ်ချက်တစ်ခုလေးဖြစ်သွားတယ်၊ ပြီးတော့မှ ကျွန်တော်တို့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပထမ ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ထားခဲ့တဲ့ နေရာလည်းဖြစ်တဲ့အတွက် နိုင်ထားတဲ့ အပေါ်မှာ ပြန်သုံးသပ်လိုက်မှု လိုအပ်ချက်လေးနည်းနည်းလေးဖြစ်သွားတယ်” ဟု ဦးကိုကိုနိုင်က သုံးသပ် ပြောဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် တမူးမြို့နယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ချင်းဒီမိုကရေစီအဖွဲ့ချူပ် (CLD) ပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး USDP ပါတီက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခေါ်) ဒေါ်ရှားမီးကလည်း “ပြည်သူတွေမှာနိုင်ငံရေး သည်းခံနိုင်မှု ကျွန်မတို့မှာ အားနည်းနေသေးတယ် ဘာကြောင့်လည်းဆိုတော့ ဒီမိုကရေစီကူးပြောင်းရေးကာလမှာ နှေးကွေးတယ်၊ ဒီချိန်မှာ စီးပွားရေးခက်ခဲနေတဲ့ ပြည်သူတွေအတွက် အားနည်းတဲ့နေရာကို နင်းပြီးတော့မှ မဟုတ်တဲ့ စည်းရုံးရေးစကားတွေနဲ့ သိမ်းသွင်းသွားလိုက်တာကတော့ ကျွန်မအင်မတန်ဝမ်းနည်းပါတယ် ကျွန်မတို့နိုင်ငံရေးမျှော်လင့်ချက်က အဲတာမဟုတ်ဘူး၊ ဒီကြားဖြတ်ရွေးကောက်ပွဲဟာ ကျမတို့အတွက် အချက်ခေါင်းလောင်းထိုးပြလိုက်သလိုဘဲ ဒါကြောင့် ဒီထက်မက စည်းလုံးညီညွတ်ဖို့လိုပါတယ်” ဟု သူကပြောသည်။

ပြီးခဲ့သည်  နိုဝင်ဘာလ (၃) ရက်နေ့က ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်မြေ (၁၃) နေရာရှိသည့်အနက် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီက မဲဆန္ဒနယ် (၇) နေရာတွင် အနိုင်ရရှိခဲ့သည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...