ရှုံးနိမ့်ခဲ့သော်လည်း မဲရလဒ်အပေါ် ကျေနပ်မှုရှိကြောင်း ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်းပြော

ရှုံးနိမ့်ခဲ့သော်လည်း မဲရလဒ်အပေါ် ကျေနပ်မှုရှိကြောင်း ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်းပြော

နိုဝင်ဘာလ (၃) ရက်နေ့က ကျင်းပခဲ့သည့် ကန်ပက်လက်မြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း မဲရလဒ်အပေါ် ကျေနပ်မှုရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးမနားနိုင်းကပြောသည်။

“ပြည်သူကို အခြေခံရတဲ့ မဲဆိုတော့၊ ပြည်သူထဲက ထွက်လာတဲ့ မဲဆိုတဲ့ခါကျတော့ မဲရလဒ်အပေါ် ကျနော်ကျေနပ်ပါတယ်၊ ဒီကြားဖြတ်ရွေးကောက်ပွဲက မျှတပါတယ်၊ မဆိုးပါဘူး’’ ဟု ဦးမနားနိုင်းကပြောသည်။

ကန်ပက်လက်မြို့နယ်တွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD)၊ ချင်းအမျိူးသားဒီိမိုကရက်တစ်ပါတီ (CNDP)၊ ချင်းတိုးတက်ရေးပါတီ (CPP) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဦးမနားနို်င်းက NLD ကိုယ်စားလှယ်လောင်း ဦးညွန့်ဝင်းကို ဆန္ဒမဲ (၅၅၆) မဲဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ကန်ပက်လက်ကြားဖြတ်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ အဓိကရှုံးနိမ့်ရသည့်အကြောင်းရင်းမှာ ချင်းပြည်သူတွေအနေနဲ့ ကြံ့ခိုင်ရေးပါတီသည် တပ်မတော်နှင့် ဗမာပါတီဖြစ်သည်ဟု ထင်မှတ်စွဲကျန်နေသေးသည့်အတွက်ဖြစ်သည်ဟု ဦးမနားနိုင်းက ပြောသည်။

“ကျွန်တော်တို့က ပြည်သူတွေကို အမှန်တိုင်းရင်ဖွင့် ပြောပြတယ်၊ ပြီးတော့ ပါတီပေါ်မှာမြင်တဲ့အမြင်ကတော့ တကဏ္ဍပေါ့၊ တပ်မတော်ပတ်သက်လာလို့ ၊ ဗမာတွေနဲ့ ပတ်သက်လာလို့ အမျိုးမျိုးတွေစွပ်စွဲကြတယ်၊ သို့သော် ကျွန်တော်တို့ ဒါကို အကုန်လုံးသေချာရှင်းပြပြီးတော့မှ ကျွန်တော်တို့ချင်းတွေဟာ ပြည်ခိုင်ဖြိုးပါတီအနေနှင့် ရပ်တည်နေတာဟာ ဗမာအနေနဲ့ ရပ်တည််နေတာမဟုတ်ဘူး ချင်းအနေနဲ့ရပ်တည်တယ်၊ သို့သော် ဒါကို ယှဉ်ပြိုင်ဖက်ပါတီတွေက ပြောတဲ့အခါမှာ အဲဒီ ကြံ့ခိုင်ရေးပါတီဟာ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတဲ့အနေထားမျိုးမှာ ယနေ့အထိ အသဲစွဲတုန်းရှိနေသေးတဲ့ အတွက်ကြောင့်မို့ ဒီကနေ့ ကျွန်တော်တို့ ကျရှုံးရတယ်လို့ ကျွန်တော်မြင်ပါတယ်” ဟု သူကပြောသည်။

(NLD) ကိုယ်စားလှယ် ဦးညွန့်ဝင်းမှ ဆန္ဒမဲလက်မှတ် စုစုပေါင်း (၃၀၈၃)၊ (USDP) ကိုယ်စားလှယ် ဦးမနားနို်င်းမှ ဆန္ဒမဲလက်မှတ် စုစုပေါင်း (၂၅၂၇)၊ (CNDP) ကိုယ်စားလှယ် ဦးကီးထန်းလွန်းမှ ဆန္ဒမဲလက်မှတ် စုစုပေါင်း ( ၂၄၄၅) နှင့် (CPP) ကိုယ်စားလှယ် ဦးမနားရှင်းမှ ဆန္ဒမဲလက်မှတ် စုစုပေါင်း (၂၄၂) အသီးသီးရရှိကြသည်ဟု သိရသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...