MRTV နှင့် တိုင်းရင်းမီဒီယာ(၄) ဖွဲ့ သတင်းကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

MRTV နှင့် တိုင်းရင်းမီဒီယာ(၄) ဖွဲ့ သတင်းကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) နှင့် တိုင်းရင်းမီဒီယာသတင်းဌာန (၄) ဖွဲ့တို့သည် သတင်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ကြရန် အောက်တိုဘာလ ၁၈ ရက်နေ့က နေပြည်တော် MRTV ရုံးတွင် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်ဟု သိရသည်။

MRTV နှင့် ပူးပေါင်းဆောင်ရွက်မည့်အဖွဲ့များမှာ Burma News International (BNI) အဖွဲ့ဝင်များဖြစ်ကြသည့် ခိုနူမ်းသုန်၊ သံလွင်တိုင်မ်း၊ Narinjara နှင့် kantarawaddy Time သတင်းဌာနတို့ဖြစ်ကြပြီး ပြည်နယ် လွှတ်တော်သတင်းများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှူနှင့် ဆက်စပ်သောသတင်းများ၊ ဖွ့ံဖြိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးသတင်းများကို MRTV မှ ဝယ်ယူကာ MRTV Web Portal တွင် ထုတ်လွှင့်သွားမည်ဖြစ်သည်။

ခိုနူမ်းသုန်သတင်းဌာနမှ စီမံခန့်ခွဲမှု အယ်ဒီတာ ဦးဖီလစ်စိုးနိုင်က “ တိုင်းရင်းမီဒီယာတွေမှာ ကျွန်တော်တို့က ရပ်တည်ဖို့ခက်ခဲတယ်၊ ကျွန်တော်သတင်းတွေကို အမှန်တိုင်းပြောရင် Facebook မှာ ကိုယ့်ရဲ့ website မှာ ကိုယ့်ရဲ့ကိုယ်ပိုင် Facebook မှာ ဘာအခကြေးငွေ တစ်ပြားမှ မရပဲနှင့် ကျွန်တော်တို့က ဒီတိုင်းပဲတင်နေရတာ၊ ပုံနှိပ်ထုတ်ဝေနေရတာ၊ ဒါပေမယ့် ဒီသတင်းကို အခုက MRTV က ဝယ်တယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် အတိုင်းအတာတစ်ခုထိတော့ အခကြေးငွေရမယ် အကျိုးအမြတ်လေးတော့နည်းနည်းတော့ရမယ်ပေါ့’’ ဟု ပြောသည်။

ယခုစီမံကိန်းကို ဂျာမန်အခြေစိုက် DW Academy အဖွဲ့အစည်းမှ အဓိကငွေကြေးကူညီပံ့ပိုးထားပြီး ယခုနှစ် အစောပိုင်းတုန်းက လည်း သတင်းဌာန (၉) ခုနှင့် MRTV တို့သည် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ခဲ့ကြပြီး ယခုအခါ MRTV နှင့် ပူးပေါင်းဆောင်ရွက်သည့် သတင်းဌာန (၁၃) ခုရှိလာတော့မည်ဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...