ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်း(၁၀) ခုမှ စစ်တွေတွင်လူငယ်များဖမ်းဆီးခံထားရခြင်းအပေါ် ကြေညာချက်ထုတ်

ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်း(၁၀) ခုမှ စစ်တွေတွင်လူငယ်များဖမ်းဆီးခံထားရခြင်းအပေါ် ကြေညာချက်ထုတ်
by -
စိုးဇံအောင်(တောင်ကုတ်)

ရခိုင်လူငယ်များဖြစ်သည့် ကိုအောင်ဇော်လင်း(ခ)အောင်ချေ၊ ကိုဇော်ဝင်း(ခ) မေယုထွန်းနှင့် ခိုင်ဘိုဘို(ခ)ခိုင်သော်တို့အား အာဏာပိုင်များမှ အထောက်အထားမဲ့ ဖမ်းဆီး တရားစွဲဆိုထားခြင်းနှင့် ပတ်သက်ပြီ; ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်း(၁၀)ခုမှအောက်တိုဘာ ၁၈ ရက်နေ့က ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

၎င်းကြေညာချက်ထဲတွင် အစိုးရထံ အချက် ၄ ချက် တောင်းဆိုထားသည်။

တောင်းဆိုချက် ၄ ချက်မှာ ရခိုင်လူငယ်များအား ဥပဒေအပ ဖမ်းဆီးချုပ်နှောင်ခြင်းမပြုရန်၊ မီဒီယာနှင့် အများပြည်သူရှေ့မှောက်တွင် ဖမ်းဆီးရခြင်း အကြောင်းအရင်းကို ပွင့်လင်းမြင်သာမှုရှိရှိ ရှင်းလင်းပေးရန်၊ လက်ရှိ ဖမ်းဆီးထားသော လူငယ်များကို ညှင်းပန်း နှိပ်စက်ခြင်း အပါအဝင် စိတ်ပိုင်း/ ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခြင်းမျိုး(လုံးဝ)မလုပ်ရန်- လူသားအခွင့်အရေးအပြည့်အဝခံစားခွင့်ပေးရန်၊ သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် တည်ဆဲဥပဒေအရပ်ရပ်နှင့် ကျင့်ထုံး ကျင့်ဝတ်များကို လိုက်နာ ဆောင်ရွက်ကြရန်တို့ဖြစ်သည်။

ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်း များကွန်ရက် Arakan CSO Network မှ ကိုသန်းလှက “ကျွန်တော်တို့ အဖွဲ့အနေနဲ့ပြောချင်တာကတော့ အစိုးရက ရခိုင်လူငယ်တွေကို တာဝန်အရစစ်ဆေး မေးမြန်းတာမျိုး လုပ်လို့ရတယ်။ဒါပေမယ့် အဲ့လိုမေးမြန်းစစ်ဆေးတာဟာလည်း တရားဥပဒေနည်း ကျဖို့လိုတယ်။ ဒီဖမ်းဆီးခံထားရတဲ့လူငယ်တွေဟာ အဲ့ဒီအခင်းဖြစ်တဲ့နေ့မှာ ၊အခင်းဖြစ်တဲ့နေရာမှာ လုံးဝမရှိဘူး ဆိုတာလည်း သူတို့ရဲ့သူငယ်ချင်းတွေနဲ့အတူ ကျွန်တော်တို့သတင်းစာရှင်းလင်းပွဲလည်း လုပ်ပြီးပြီ။ အဓိကပြောချင်တာကတော့ အထောက်အထားမဲ့ဖမ်းဆီးထားတဲ့ ရခိုင်လူငယ်တွေကို အမြန်ဆုံး လွတ်ပေးဖို့ တောင်းဆိုတယ်”ဟု ကိုသန်းလှက ပြောသည်။

ကြေညာချက်ထုတ် တောင်းဆိုထားသောအဖွဲ့အစည်းများမှာ ရခိုင်အရပ်ဘက်လူမှု အဖွဲ့အစည်းများ ကွန်ရက်( Arakan CSOs Network) ၊ ရခိုင်ကျောင်းသားများသမဂ္ဂ (ဒဂုံတက္ကသိုလ်)၊ မျိုးဆက်သစ် လူငယ်များ အဖွဲ့ (Generation Wave)၊ မန်းလေးရခိုင်လူငယ်အဖွဲ့၊ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်၊ လူထုပရဟိတအဖွဲ့ချုပ်၊ Western Door Rescue Association Buthidaung (WDAB)၊ Siberian Wave-Youth Band၊မြောက်ဦးလူငယ်များအသင်း Mrauk-U Youths Association(MUYA)နှင့် Ponenagune Development Youth Organisation (PDYO) တို့ဖြစ်သည်။

ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုထွန်းထင်ကျော်က”ပွင့်ပွင့်လင်းလင်းအများ သိအောင် ဆောင်ရွက်ပေးပါလို့တောင်းဆိုချင်တယ်။ပြီးတော့ အခုဖမ်းဆီးထားတဲ့ လူငယ်တွေကို လည်း သူတို့အနေနဲ့ သက်သေအထောက်အထားမပြနိုင်ရင် အခုလို ဖမ်းဆီးမချုပ်နှောင်ထားဘဲ အမြန်ဆုံးလွတ်ပေးဖို့ ကျွန်တော်တို့တောင်းဆိုပါတယ်”ဟု နိရဥ္စရာသို့ပြောသည်။

စစ်တွေတွင် စရဖတစ်ဦးလုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသော ကိုအောင်ဇော်လင်း၊ကိုမေယု ထွန်းနှင့် ကိုခိုင်ဘိုဘိုတို့သုံးဦးအား ရာဇသတ်ကြီးပုဒ်မ ၃၀၂ လူသတ်မှုဖြင့်အောက်တိုဘာလ ၂၂ ရက်နေ့ထိ ရမန်ယူထားပြီး ၄င်းနေ့တွင် စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်မည်ဖြစ်ကြောင်း သိရသည်။

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...