ကျောက်ဖြူတိုက်ပွဲတွင် စစ်အုပ်စု အထိနာ၍ လေကြောင်းမှ ပစ်ကူပေးခဲ့ရ

ကျောက်ဖြူတိုက်ပွဲတွင် စစ်အုပ်စု အထိနာ၍ လေကြောင်းမှ ပစ်ကူပေးခဲ့ရ
ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့သည့်အတွက် လေကြောင်းမှ ပစ်ကူ ခေါ်ယူခဲ့ရ ကြောင်း မြေပြင်သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ တိုက်ပွဲမှာ စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းမှစ၍ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုဘက်မှ အထိနာ ပြီးနောက် မွန်းလွဲ ၁၁ နာရီကျော်ခန့်တွင် ဂျက်ဖိုက်တာ တိုက်လေယာဉ်ဖြင့် စနဲမြို့နှင့် တံတားထိပ် ပတ်ဝန်းကျင် သို့ လာရောက် ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။

ဒေသတွင်း စစ်ရေးရင်းမြစ်တစ်ဦးက “အဝတောင်နဲ့ စနဲကြားက လမ်းပေါ် တံတားထိပ်နဲ့ ပတ်ဝန်းကျင်မှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ကြပါတယ်။ ဒီတိုက်ပွဲ အတွင်း စစ်တပ်က အကျဆုံးရှိပြီးလက်နက်ခဲယမ်းနဲ့ အလောင်း တချို့ကို AA က ရလိုက်ပါတယ်။ အဲဒီနောက် လေယာဉ် ပစ်ကူခေါ်တော့ လေယာဉ်က လာပြီး ဗုံးကြဲသွားပါ တယ်” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲ ဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းက “စက်တင်ဘာ ၉ ရက်နေ့ တိုက်ပွဲမှာ သူတို့စစ်တပ်က အထိနာပြီး နောက် မနက် ၁၁ နာရီကျော်လောက်မှာ ဂျက်နဲ့လာပစ်တာ။ စနဲမြို့နားလည်း ကျတယ်။ စနဲတံတားနားလည်း ကျတယ်” ဟု ဆက် ပြောသည်။

စစ်အုပ်စု၏ လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းနှင့် ရေတပ်ပါ အသုံးပြု ပစ်ခတ်နေမှုများကြောင့် မျှောချောင်း၊ စံပယ်ချောင်း၊ စနဲ၊ အရှေ့ထိန်ဒွေ၊ ကိုင်းချောင်း၊ ဟင်းခရိုပြိန် အပါအဝင် ပတ်ဝန်းကျင် ကျေးရွာ ၁၀ ရွာကျော်မှ စစ်ဘေးရှောင် ပြည်သူ ထောင်ချီကာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရသည်။

စစ်ဘေးရှောင် ဒေသခံ အမျိုးသမီးတစ်ဦးက “ပစ်သံက နားတောင်အူသွားတယ်။ လက်နက်ကြီး လက်နက်ငယ်၊ ဒရုန်း၊ လေယာဉ်၊ နောက် နေဗီအကုန်ပစ်တယ်။ စစ်တပ်က အကျများတော့ လေးဘက်လေးတန်က ပစ်ကူ ကြတာ။ ရွာတွေမှာလည်း လက်နက်ကြီးကျည်တွေ ကျတယ်။ အနီးအနားက လူတွေက အခုအကုန်လုံး စစ်ရှောင်နေကြရတယ်” ဟု ပြောသည်။

ကျောက်ဖြူမြို့နယ် အတွင်း စစ်အုပ်စုနှင့် AA တို့အကြား တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိသည်။

ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...