ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်း(၁၀) ခုမှ စစ်တွေတွင်လူငယ်များဖမ်းဆီးခံထားရခြင်းအပေါ် ကြေညာချက်ထုတ်

ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်း(၁၀) ခုမှ စစ်တွေတွင်လူငယ်များဖမ်းဆီးခံထားရခြင်းအပေါ် ကြေညာချက်ထုတ်
by -
စိုးဇံအောင်(တောင်ကုတ်)

ရခိုင်လူငယ်များဖြစ်သည့် ကိုအောင်ဇော်လင်း(ခ)အောင်ချေ၊ ကိုဇော်ဝင်း(ခ) မေယုထွန်းနှင့် ခိုင်ဘိုဘို(ခ)ခိုင်သော်တို့အား အာဏာပိုင်များမှ အထောက်အထားမဲ့ ဖမ်းဆီး တရားစွဲဆိုထားခြင်းနှင့် ပတ်သက်ပြီ; ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်း(၁၀)ခုမှအောက်တိုဘာ ၁၈ ရက်နေ့က ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

၎င်းကြေညာချက်ထဲတွင် အစိုးရထံ အချက် ၄ ချက် တောင်းဆိုထားသည်။

တောင်းဆိုချက် ၄ ချက်မှာ ရခိုင်လူငယ်များအား ဥပဒေအပ ဖမ်းဆီးချုပ်နှောင်ခြင်းမပြုရန်၊ မီဒီယာနှင့် အများပြည်သူရှေ့မှောက်တွင် ဖမ်းဆီးရခြင်း အကြောင်းအရင်းကို ပွင့်လင်းမြင်သာမှုရှိရှိ ရှင်းလင်းပေးရန်၊ လက်ရှိ ဖမ်းဆီးထားသော လူငယ်များကို ညှင်းပန်း နှိပ်စက်ခြင်း အပါအဝင် စိတ်ပိုင်း/ ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခြင်းမျိုး(လုံးဝ)မလုပ်ရန်- လူသားအခွင့်အရေးအပြည့်အဝခံစားခွင့်ပေးရန်၊ သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် တည်ဆဲဥပဒေအရပ်ရပ်နှင့် ကျင့်ထုံး ကျင့်ဝတ်များကို လိုက်နာ ဆောင်ရွက်ကြရန်တို့ဖြစ်သည်။

ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်း များကွန်ရက် Arakan CSO Network မှ ကိုသန်းလှက “ကျွန်တော်တို့ အဖွဲ့အနေနဲ့ပြောချင်တာကတော့ အစိုးရက ရခိုင်လူငယ်တွေကို တာဝန်အရစစ်ဆေး မေးမြန်းတာမျိုး လုပ်လို့ရတယ်။ဒါပေမယ့် အဲ့လိုမေးမြန်းစစ်ဆေးတာဟာလည်း တရားဥပဒေနည်း ကျဖို့လိုတယ်။ ဒီဖမ်းဆီးခံထားရတဲ့လူငယ်တွေဟာ အဲ့ဒီအခင်းဖြစ်တဲ့နေ့မှာ ၊အခင်းဖြစ်တဲ့နေရာမှာ လုံးဝမရှိဘူး ဆိုတာလည်း သူတို့ရဲ့သူငယ်ချင်းတွေနဲ့အတူ ကျွန်တော်တို့သတင်းစာရှင်းလင်းပွဲလည်း လုပ်ပြီးပြီ။ အဓိကပြောချင်တာကတော့ အထောက်အထားမဲ့ဖမ်းဆီးထားတဲ့ ရခိုင်လူငယ်တွေကို အမြန်ဆုံး လွတ်ပေးဖို့ တောင်းဆိုတယ်”ဟု ကိုသန်းလှက ပြောသည်။

ကြေညာချက်ထုတ် တောင်းဆိုထားသောအဖွဲ့အစည်းများမှာ ရခိုင်အရပ်ဘက်လူမှု အဖွဲ့အစည်းများ ကွန်ရက်( Arakan CSOs Network) ၊ ရခိုင်ကျောင်းသားများသမဂ္ဂ (ဒဂုံတက္ကသိုလ်)၊ မျိုးဆက်သစ် လူငယ်များ အဖွဲ့ (Generation Wave)၊ မန်းလေးရခိုင်လူငယ်အဖွဲ့၊ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်၊ လူထုပရဟိတအဖွဲ့ချုပ်၊ Western Door Rescue Association Buthidaung (WDAB)၊ Siberian Wave-Youth Band၊မြောက်ဦးလူငယ်များအသင်း Mrauk-U Youths Association(MUYA)နှင့် Ponenagune Development Youth Organisation (PDYO) တို့ဖြစ်သည်။

ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုထွန်းထင်ကျော်က”ပွင့်ပွင့်လင်းလင်းအများ သိအောင် ဆောင်ရွက်ပေးပါလို့တောင်းဆိုချင်တယ်။ပြီးတော့ အခုဖမ်းဆီးထားတဲ့ လူငယ်တွေကို လည်း သူတို့အနေနဲ့ သက်သေအထောက်အထားမပြနိုင်ရင် အခုလို ဖမ်းဆီးမချုပ်နှောင်ထားဘဲ အမြန်ဆုံးလွတ်ပေးဖို့ ကျွန်တော်တို့တောင်းဆိုပါတယ်”ဟု နိရဥ္စရာသို့ပြောသည်။

စစ်တွေတွင် စရဖတစ်ဦးလုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသော ကိုအောင်ဇော်လင်း၊ကိုမေယု ထွန်းနှင့် ကိုခိုင်ဘိုဘိုတို့သုံးဦးအား ရာဇသတ်ကြီးပုဒ်မ ၃၀၂ လူသတ်မှုဖြင့်အောက်တိုဘာလ ၂၂ ရက်နေ့ထိ ရမန်ယူထားပြီး ၄င်းနေ့တွင် စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်မည်ဖြစ်ကြောင်း သိရသည်။

May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...