ဇိုး (ချင်း) မျိုးနွယ်စုများ၏ အမွေအနှစ်တစ်ခုဖြစ်သည့် ခမ်းပတ်ညောင်ပင်အို ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်း စတင်

ဇိုး (ချင်း) မျိုးနွယ်စုများ၏ အမွေအနှစ်တစ်ခုဖြစ်သည့် ခမ်းပတ်ညောင်ပင်အို ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်း စတင်

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးတို့၏ ခွင့်ပြုချက်အရ တမူးခရိုင်၊ ခမ်းပတ်မြို့တွင်တည်ရှိသော ဇိုး (ချင်း) မျိုးနွယ်စုများ၏ အမွေအနှစ်တစ်ခုဖြစ်သည့် ခမ်းပတ်ညောင်ပင်အို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းကို အောက်တိုဘာလ (၁၇) ရက်နေ့တွင် စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခမ်းပတ်ညောင်ပင်အို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းကို အောက်တိုဘာလ (၁၇) ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး JCB ကားနှစ်စီး၊ မြေထိုးစက်တစ်စီးနှင့် မြေသယ်ကား (၁၀) ခန့်တို့ဖြင့် ခမ်းပတ်ညောင်ပင်အိုသို့ သွားသောလမ်းမကြီးအား လမ်းတာချဲ့ခြင်းနှင့် လမ်းများမြေဖို့ခြင်းများ ပြုလုပ်ခဲ့ကြောင်း Website တစ်ခုတွင် ဖော်ပြသည်။

၄င်းအပြင် ခမ်းပတ်ညောင်ပင်အိုသို့သွားသည့် လမ်းမကြီးတိုးချဲ့ခြင်းနှင့် ခမ်းပတ်ညောင်ပင်အို ပတ်ဝန်းကျင် ရှင်းလင်းခြင်းလုပ်ငန်းကို Mizo Thalai Pawl ခမ်းပတ်လူငယ်အဖွဲ့၊ ညောင်ပင်ထိန်းသိမ်းရေးအဖွဲ့၊ ရပ်ကွက်လူကြီး၊ စည်ပင်သာယာရေး၊ Administrative Officer၊ Clerk နှင့် ဝန်ထမ်းများအပြင် ရပ်မိရပ်ဖ စုစုပေါင်း အယောက် (၁၀၀) ခန့်တို့မှ ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

ခမ်းပတ်ညောင်ပင်အို မပျက်စီးဖို့ရန်အတွက် အပင်ပေါ်သို့ မတက်ရောက်နိုင်ရန် ညောင်ပင်ကြီးကို သံဆူးကြိုးများဖြင့် ခြံခတ်မှာဖြစ်ပြီး အဆိုပါလုပ်ငန်းလုပ်ဆောင်ဖို့အတွက် လိုအပ်သည့် ပစ္စည်းများလည်း ရောက်ရှိနေပြီဖြစ်ကြောင်း ထပ်မံသိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...