လူငယ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရိခေါဒါရ် IPRD နှင့် ဒေသခံ NGO များ ပူးပေါင်းဆောင်ရွက်မည်

လူငယ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရိခေါဒါရ် IPRD နှင့် ဒေသခံ NGO များ ပူးပေါင်းဆောင်ရွက်မည်

ရိခေါဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာန၊ ရပ်ကွက်လူငယ် နှင့် NGO များ ပူးပေါင်းပြီး ရိခေါဒါရ်မြို့နယ်ရှိ လူငယ်လူရွယ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တစ်နှစ်စာ စီမံကိန်းများ ရေးဆွဲကာ ပူးပေါင်းဆောင်ရွက် သွားကြမည်ဟု သိရသည်။ 

အဆိုပါ စီမံကိန်းမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ၂၀၁၈ အောက်တိုဘာလ မှ ၂၀၁၉ စက်တင်ဘာလ အထိ တစ်နှစ် စီမံကိန်းဖြစ်ကြောင်း ရိခေါဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးလာလ်ပက်လောမ်က ပြောသည်။ 

“အဓိကရည်ရွယ်ချက်ကတော့ လူငယ်လူရွယ်များ အသိပညာဗဟုသုတ ပိုမိုကြွယ်ဝလာစေရေး၊ စာဖတ်သည့်အလေ့အထ ကောင်းရရှိရေး၊ နိုင်ငံ့သားကောင်းရတနာများပေါ်ထွန်းလာစေရေး နှင့် မိမိပတ်ဝန်းကျင်အားစူးစမ်းလေ့လာတတ်စေရေး ဖြစ်တယ်” လို့ ဦးလာလ်ပက်လောမ်က ပြောသည်။ 

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အဓိက မဏ္ဍိုင်တစ်ခုဖြစ်သော လူငယ်လူရွယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်ကြားပေးခြင်း၊ ပြုစုပျိုးထောင်ပေးခြင်းတို့ဖြစ်ပြီး ယခုလို လူငယ်လူရွယ်များကို ရှေ့ဆက်ခေါ်ဆောင်သွားနိုင်ပါက အကျိုးသက် ရောက်မှုများကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်မှာဖြစ်တယ်လို့ ဆက်ပြောသည်။ 

ယခုလို တစ်နှစ်စီမံကိန်းရေးဆွဲသောအရာများမှာ ရောင်စုံခြယ်ခြင်း၊ ပုံဆွဲခြင်း၊ ကဗျာရွက်ဆိုခြင်း၊ စာစီစာကုံးပြိုင်ပွဲ၊ ဗဟုသုတ အမေးအဖြေ ဖြေဆိုခြင်း၊ ပုံပြောခြင်း၊ အင်္ဂလိပ်စာလုံးပြိုင်ခြင်း၊ Debate အစီအစဉ် နှင့် စာရွက်ဖြင့် ပုံများဆွဲခြင်း စသည့် ပြိုင်ပွဲများကို ရန်ပုံငွေအပေါ်မှုတည်ပြီး တစ်လလျှင် သုံးကြိမ် ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...