ကုလားတန် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း လုပ်သားများ လုပ်အားခ ထုတ်မရသည့်ကိစ္စ အိန္ဒိယ သံအမတ်နှင့် ဆွေးနွေး

ကုလားတန် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း လုပ်သားများ လုပ်အားခ ထုတ်မရသည့်ကိစ္စ အိန္ဒိယ သံအမတ်နှင့် ဆွေးနွေး

အိန္ဒိယ-မြန်မာနှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းတွင် လုပ်ကိုင်နေကြသည့် အလုပ်သမားများ လုပ်အားခထုတ်မရသည့် ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်အခြေစိုက် ပလက်ဝမြို့နယ် လူမှုရေးအသင်းမှ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် အောက်တိုဘာလ ၁၅ ရက်နေ့က သွားရောက်ဆုံခဲ့သည်ဟု သိရသည်။

ကုလားတန်းဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သော ချင်းပြည်နယ်ပလက်ဝမြိုနယ်မှ မီဇိုရမ်ပြည်နယ်အကြား ကားလမ်းဖောက်လုပ်ရေးနှင့် အခြေခံအဆောက်အဦး တည်ဆောက်ရေးလုပ်ငန်းကို အိန္ဒိယ ကုမ္ပဏီတစ်ခုဖြစ်သည့် C&C ကုမ္ပဏီမှ တာဝန်ယူလုပ်ကိုင်းနေပြီး နေ့စားအဖြစ်လုပ်ကိုင်နေကြသည့် ပလက်ဝဒေသခံ ပြည်သူများကို လုပ်အားခထုတ်မပေးသည်မှာ ၃ လခန့်ရှိနေပြီဟုသိရသည်။ ယင်းကိစ္စကို အိန္ဒိယသံအမတ်အနေဖြင့် အမြန်ဆုံးကူညီဖြေရှင်းပေးရန် သွားရောက်ဆွေးနွေးခြင်းဖြစ်သည်ဟု ချင်းပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်ကပြောသည်။

“ အဲဒီမှာအလုပ်သမားလုပ်ကြတယ် ဒါမယ့် လုပ်ခလစာအချိန်မှီမပေးဘူး တစ်ချို့ဆိုတစ်လနှစ်လကြာတဲ့ထိမပေးဘူး အဲဒီကိစ္စဖြစ်နေတာက (၄/၅) လလောက်ဖြစ်နေပြီ တချို့က နေ့စားတွေရှိတယ် တချိူ့ကလစားတွေရှိတယ် ခုဟာက ၂ လ ၃ လ လောက်ကြာတဲ့ထိကို အိန္ဒိယ ကန်ထရိုက်တာဘက်က မပေးနိုင်တဲ့ဟာပေါ့ အဒါကို သွားပြောတယ်၊ သူ့ဘက်ကတော့ အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးပါမယ်ပြောပါတယ်’’ ဟု ဆလိုင်းအိုက်ဇက်ခင်ကပောသည်။

ထို့အပြင် ကုလားတန် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်ဒေသခံချင်းတိုင်း ရင်းသားများအား အလုပ်သမားများအဖြစ် တိုးမြှင့်ခန့်ထားရေးနှင့် အိန္ဒိယရံပုံငွေဖြင့် ပလက်ဝမြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ပေးရေးကိစ္စတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

“ဒီစီမံကိန်းအတွက်ကြောင့်မို့လို့ သူတို့တွက်လည်းအကျိုးရှိသလို ပလက်ဝမြို့နယ်အတွက်လည်းဖွံ့ဖြိုးရေးလုပ်ပေးပါ၊ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၅ သန်းရာထားပေးတာရှိတယ် ချင်းပြည်နယ်အတွက် ဖွံ့ဖြိုးရေးရံပုံငွေ အဲဒီထဲမှာ အခုလက်ရှိ ပလက်ဝ မီးဇာအထက်တန်းကျောင်းမှာ ကျောင်းအဆောင်အဦးတစ်ခုပဲရှိတယ်ပေါ့ ဒါတော့ ကျနော်တို့သိတာပေါ့လေ အဲဒီကြောင့်မို့လို့ သူတို့ဘက်လည်းအဆင်သလို ကျနော်တို့ဒေသခံတွေအတွက်လည်းအဆင် ပြေအောင် ပလက်ဝမြို့နယ်မှာ အိန္ဒိယရဲ့ရံပုံငွေနဲ့ ဆောင်ရွက်ပေးတဲ့လုပ်ငန်းတွေ ဒီထက်ပိုပြီးတော့လုပ်ပေးဖို့ ဆွေးနွေးကြပါတယ်’’ ဟု ဆလိုင်းအိုက်ဇက်ခင်ကပြောသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...