မြန်မာအနောက်ဘက်နယ်စပ်တွင် တိုက်ပွဲဖြစ်

မြန်မာအနောက်ဘက်နယ်စပ်တွင် တိုက်ပွဲဖြစ်

အောက်တိုဘာ ၁၅ ရက်နေ့တွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ အစိုးရနှင့် NCA-SEAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေး လုပ်နေချိန်တွင် မြန်မာတပ်မတော်နှင့် အပစ်ရပ်စာချုပ် လက်မှတ် မရေးထိုးထားသော ရက္ခိုင့်တပ်မတော် (အေအေ) တို့အကြား မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်တွင် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

၎င်းတိုက်ပွဲများမှာ အောက်တိုဘာ ၁၄ ရက်နေ့ တစ်ကြိမ်၊ ၁၅ ရက်နေ့က တစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု အေအေ၏ ဖေ့စ်ဘွတ်စာမျက်နာတွင် သတင်းဖော်ပြသည်။

အောက်တိုဘာ ၁၄ ရက်နေ့ တိုက်ပွဲမှာ အိန္ဒိယ နယ်စပ်ရှိ ပလက်ဝမြို့နယ်၊ အုံးသီးဝရွာမြောက်ဖက်ရှိ (၅.၅) ကီလိုမီတာအကွာတွင် ညနေ(၄) နာရီ(၁၅) မိနစ်မှ (၆) နာရီအထိ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှာ အောက်တိုဘာ ၁၄ ရက်နေ့ ဖြစ်ပွားခဲ့သည့် အုန်းသီးဝရွာ အနီးတွင် ထပ်မံ ဖြစ်ပွားခဲ့ပြီး နံနက်(၉) နာရီ (၄၅) မိနစ်မှ (၁၀) နာရီ (၁၅) မိနစ်အထိ မိနစ်သုံးဆယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။

တိုက်ပွဲအတွင်း နှစ်ဖက် အထိအခိုက်အကျအဆုံးများကိုမသိရသေးပါ။

ယခုတိုက်ပွဲများမှာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ(၂၁) ရက်နေ့တွင်နောက်ဆုံးတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယခုမှပြန်လည်၍ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...