မြန်မာအနောက်ဘက်နယ်စပ်တွင် တိုက်ပွဲဖြစ်

မြန်မာအနောက်ဘက်နယ်စပ်တွင် တိုက်ပွဲဖြစ်

အောက်တိုဘာ ၁၅ ရက်နေ့တွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ အစိုးရနှင့် NCA-SEAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေး လုပ်နေချိန်တွင် မြန်မာတပ်မတော်နှင့် အပစ်ရပ်စာချုပ် လက်မှတ် မရေးထိုးထားသော ရက္ခိုင့်တပ်မတော် (အေအေ) တို့အကြား မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်တွင် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

၎င်းတိုက်ပွဲများမှာ အောက်တိုဘာ ၁၄ ရက်နေ့ တစ်ကြိမ်၊ ၁၅ ရက်နေ့က တစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု အေအေ၏ ဖေ့စ်ဘွတ်စာမျက်နာတွင် သတင်းဖော်ပြသည်။

အောက်တိုဘာ ၁၄ ရက်နေ့ တိုက်ပွဲမှာ အိန္ဒိယ နယ်စပ်ရှိ ပလက်ဝမြို့နယ်၊ အုံးသီးဝရွာမြောက်ဖက်ရှိ (၅.၅) ကီလိုမီတာအကွာတွင် ညနေ(၄) နာရီ(၁၅) မိနစ်မှ (၆) နာရီအထိ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှာ အောက်တိုဘာ ၁၄ ရက်နေ့ ဖြစ်ပွားခဲ့သည့် အုန်းသီးဝရွာ အနီးတွင် ထပ်မံ ဖြစ်ပွားခဲ့ပြီး နံနက်(၉) နာရီ (၄၅) မိနစ်မှ (၁၀) နာရီ (၁၅) မိနစ်အထိ မိနစ်သုံးဆယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။

တိုက်ပွဲအတွင်း နှစ်ဖက် အထိအခိုက်အကျအဆုံးများကိုမသိရသေးပါ။

ယခုတိုက်ပွဲများမှာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ(၂၁) ရက်နေ့တွင်နောက်ဆုံးတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယခုမှပြန်လည်၍ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...